မယားအများဆုံး ယူထားသည့် တရားဟောဆရာ အိပ်ယာပေါ်တွင် အားပြတ်သေဆုံး


၃၁-၁-၂၀၁၇

နိုင်ဂျီးရီးယား နိုင်ငံ က မိန်းမအများဆုံး ယူထားသူ ဘာသာရေး တရားဟော ဆရာ မိုဟာမက်ဘယ်လို မာဆာဘာ အသက် (၉၂)နှစ်ဟာ သူနေ ထိုင်နေတဲ့ နီဂါပြည်နယ် ဘိုင်ဒါမြို့ ကနေအိမ်မှာ ရုတ်တရက် အိပ်ယာပေါ် မှာ သေဆုံးသွားခဲ့ကြောင်း ကျန်ရစ်သူ မိသားစုဝင်တွေက အတည်ပြုခဲ့ပါတယ်။

မိုဟာမက်ဟာ တရားဝင်ပေါင်းနေသည့် ဇနီး အမျိုးသမီးပေါင်း (၁၂၀) နဲ့  ကွာရှင်းခဲ့သူ (၁၀)ဦး ရှိပါတယ်။

သူသေဆုံးချိန်မှာ သားသမီးပေါင်း ၂၀၃ ယောက်နဲ့  ကိုယ်ဝန်ဆောင်ဇနီးတွေ တသီကြီး ကျန်ခဲ့ပါတယ်၊ ဘာသာရေးအရ မယားလေးယောက် ယူခွင့်ပြုထားပါတယ်။ မိုဟာမက်ကတော့ အားလုံးကိုကျော်ပြီး မဟာ မိန်းမအများဆုံးဘွဲ့ ထူးနဲ့  သမိုင်းတွင်ခဲ့ပါတယ်။


မိုဟာမက် သေဆုံးရတာနဲ့ ပါတ်သက်ပြီး သူ့ မှာဘာရောဂါမှမရှိပါဘူး၊ ဘယ် လိုဒဏ်ရာမှာလည်း မတွေ့ ရဘဲ နောက်ဆုံးယူထားတဲ့ ဇနီးနဲ့  အတူအိပ်နေရင်း အမောဖေါက်သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

Social Action for Children and Women - SAW
မယားအများဆုံး ယူထားသည့် တရားဟောဆရာ အိပ်ယာပေါ်တွင် အားပြတ်သေဆုံး  မယားအများဆုံး ယူထားသည့် တရားဟောဆရာ အိပ်ယာပေါ်တွင် အားပြတ်သေဆုံး Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.