ကျေးလက်အခြေပြု အသက်မွေးပညာ သင်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူ(၁)ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
ဘားအံ ဇန် ၁၉
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၊အမှတ်(၂)ရပ်ကွက်၊ ဇီဇ၀ါလမ်းရှိ ကျေးလက်အခြေပြု အသက်မွေးပညာ သင်တန်းကျောင်း နောက်ဘေးအိမ်သာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ဘားအံမြို့မရဲစခန်းမှူး ဒုတိရဲမှူး တင်မောင်ဦး ဦးစီးသည့်အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပါသည်။
သေဆုံးသူမှာ မနန်းဝင်း၊ ၁၉နှစ်၊(ဘ)ဦးအောင်ငွေသိန်း၊ စက်ချုပ်သင်တန်းသူ၊ သောက်ပိန်းကျေးရွာ၊ သရက်တောအုပ်စု၊ ကော့ကရိတ်မြို့နယ်နေသူဖြစ်ကြောင်း သိရှိရပြီး နက်ဝါဖြူကျားအရောင်ရှပ်အင်္ကျီ အကွက် လက်ရှည်ဖြင့် အိမ်သာလေ၀င်ပေါက်တွင် ချည်နှောင်ပြီး ကြိုဆွဲချသေဆုံးနေခြင်း ဖြစ်သည်။
အလောင်းတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဘားအံဆေးရုံကြီးသို့ ရဲဆေးစာပေးကာ လူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဘားအံမြို့မရဲစခန်း၏ သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၇)ဖြင့် ရေးဖွင့်ပြီး ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin
ကျေးလက်အခြေပြု အသက်မွေးပညာ သင်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူ(၁)ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:31
Rating:
