မော်လမြိုင် နောင်ခရီရပ် စိတ်မနှံ့သူ ရှို့တဲ့ မီးလောင်မှု လူတစ်ဦးသေဆုံး


မော်လမြိုင်မြို့ နောင်ခရီ အောင်မင်္ဂလာ (၁) ရပ် ၂ လမ်း အိမ်အမှတ် (၁၈) ဦးငွေဝင်း (၇၆) ဆိုသူ၏ နေအိမ်တွင် ယနေ့ ဇန်နဝါရီ ၂၁ မွန်းလွဲ ၁၃:၁၅ အချိန်မှ စ၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာ မော်လမြိုင်ခရိုင်မီးသတ် မြို့နယ်မီးသတ် မြိုင်သာယာမီးသတ် အရံမီးသတ်တို့မှ မီးသတ်ကား ၈ စီး၊ မော်လမြိုင် မြို့နယ်ရဲတပ်ဖွဲ့မှုးဦးစီး မြို့ပေါ်စခန်း ၆ ခုမှ စခမများနှင့် တပ်ဖွဲ့ဝင်များ မော်လမြိုင် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ နယ်ခြေခံတပ်မှ တပ်မတော်သားများ ရပ်ကွက်နေ ပြည်သူများ စုပေါင်းငြိမ်းသတ်မှု ဆောင်ရွက်ခဲ့ရာ (၁၃၄၀) အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့ပါသည်။


မီးလောင်မှုကြောင့် နေအိမ်တလုံးဆုံးရှုံးခဲ့ပြီး စိတ်ကျန်းမာရေး မကောင်းသူ သော်တာဝင်း (၄၂) နှစ်ဆိုသူ မီးလောင် သေဆုံးခဲ့ကြောင်း သိရှိရပြီး ယခု မီးလောင်ကျွမ်းမှုမှာလည်း အဆိုပါ သေဆုံးခဲ့သည့် စိတ်မနှံ့သူ သော်တာဝင်း ဆိုသူမှ ရှို့သော မီးဖြစ်ကြောင်း မီးရှို့ပြီး နေအိမ်တံခါးအားလည်း ပိတ်ထားခဲ့ကြောင်း သိရှိရပါသည်။ မီးလောင်မှု ဆုံးရှုံးမှုတန်ဖိုးမှာ ၃၉၅၀၀၀ ကျပ် ဖြစ်ကြောင်း သိရပါသည်။

Zin Moe
မော်လမြိုင် နောင်ခရီရပ် စိတ်မနှံ့သူ ရှို့တဲ့ မီးလောင်မှု လူတစ်ဦးသေဆုံး မော်လမြိုင် နောင်ခရီရပ် စိတ်မနှံ့သူ ရှို့တဲ့ မီးလောင်မှု လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 15:36 Rating: 5
Powered by Blogger.