ပခုက္ကူ မှာ လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
ပခုက္ကူ ဇန်နဝါရီ ၁၁

ပခုက္ကူမြို့ အမှတ်(၉)ရပ်ကွက်၊ ညောင်ပင်လမ်း နေအိမ်ရှင် ဦးရဲလေး၏ နေအိမ်တွင်လျှပ်စစ်မီးဖို မပိတ်ဘဲ ထားခဲ့ရာမှ အပူလွန်ကဲပြီး ဇန်နဝါရီ ၁၁ရက် ညနေ ၄ နာရီ ၁၀ မီနစ်က နေအိမ်မီးလောင်မှုဖြစ်ပွားသည်။


ဖြစ်စဉ်မှာ အိမ်ရှင်ဦးရဲလေး၏ ၄၀ ပေ x ၆၀ ပေ ဝါးကပ်မိုး၊ ထရံကာ၊ မြေစိုက် နှစ်ထပ်နေအိမ် အတွင်းရှိမီးဖိုဆောင် အတွင်းတွင် လျှပ်စစ်မီးဖို ခလုတ်မပိတ်ဘဲ ထားခဲ့ရာမှ အပူလွန်ကဲပြီးအနီးရှိ ဝါးထရံကာသို့ ကူးစက်လောင်ကျွမ်းရာ မီးဖိုဆောင်ထရံကာ ၅ ပေ ၃ ပေ ခန့်၊ မီးဖိုဆောင် ဝါးကပ်မိုး ၂၀ ပေ ၁၀ ပေ ခန့်နှင့် နေအိမ်ဝါးကပ်မိုးနှင့် ဝါးထရံကာ အနည်းငယ်တို့ လောင်ကျွမ်းခဲ့သည်။


မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးနှင့် အနီးရှိပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ကြသည်။ မီးလောင်မှုကြောင့်လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပခုက္ကူ မှာ လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား ပခုက္ကူ မှာ လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.