ဇန်နဝါရီ ၂၂၊ ၂၀၁၇
ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပဒကား ကျေးရွာသစ် အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာ၌ အလောင်းများအား မြေမြှုပ်ထားသည့် အနေအထားတွေ့ရှိရသည်ဟု ဖုန်းဖြင့် သတင်းပေးပို့ချက်အရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းစစ်ဆေးရာ ဇန်နဝါရီ ၂၀ ရက် ညနေ ၆ နာရီ အချိန်က ပျောက်ဆုံးနေကြောင်း လူပျောက်သတင်းပေးပို့တိုင်ကြားထားသည့် မာမတ်ရှော်ဖီး ၃၀ နှစ်၊ စွန်တာအာမတ် ၇၀ နှစ်နှင့် မာမတ်စူပိုင် ၂၂ နှစ်တို့အား သုံးလောင်းထပ်လျက် မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရသည်။
အလောင်းများကို တူးဖေါ်စစ်ဆေးရာ စွန်တာအာမတ်အား ဦးခေါင်း ငယ်ထိပ်ကွဲ၊ ယာ နားပေါက်ပြဲ၊ နှာခေါင်းဖူးရောင်သွေးထွက်ဒဏ်ရာများဖြင့်လည်းကောင်း၊ မာမတ်ရှော်ဖီး အား ဦးခေါင်းငယ်ထိပ် ဖူးရောင်၊ နှာခေါင်းကွဲအက်၊ မျက်လုံးနှစ်ဖက် ဖူးရောင်ညိုမဲဒဏ်ရာများဖြင့်လည်းကောင်း၊ မာမတ်စူပိုင်အား ဦးခေါင်းထိပ်ကွဲအက်၊ မျက်နှာ/ပါးစပ် ဖူးရောင်ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
တူးဖော်ရရှိသော အလောင်းများအား မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မောင်တောမြို့နယ်၊ ကြိမ်ချောင်းရဲစခန်း၌ ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ပြီး ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
မောင်တောမြို့နယ် ပဒကားကျေးရွာသစ်အနီး အလောင်း ၃ လောင်း တူးဖေါ်တွေ့ရှိ
Reviewed by THITHTOOLWIN
on
12:19
Rating:
