အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်မှု မူဝါဒရဲ့ တရားဝင်မှုကို မေးခွန်းထုတ်ခဲ့တဲ့ ယာယီ ရှေ့နေချုပ် ဆယ်လီရက်စ် တယောက် အလုပ်ကနေ အထုတ်ခံလိုက်ရပါတယ်။
ဆယ်လီရက်စ်ဟာ ဒီရာထူးကို အရင် သမ္မတ အိုဘားမား လက်ထက်က ရရှိခဲ့တာပါ။
သမ္မတသစ် ထရမ့်ရဲ့ သမ္မတ အခွင့်အာဏာနဲ့ အသစ်ထုတ်ပြန်ထားတဲ့ မူဝါဒတွေကို ကျင့်သုံးခြင်းမရှိဖို့ တရားရေးဌာနက ရှေ့နေတွေကို ဆယ်လီရက်စ်က အစောပိုင်းမှာ ညွန်းကြားခဲ့ပါတယ်။
ဆယ်လီရက်စ် က သူမ ရှေ့နေချုပ် ရာထူး တာဝန် ထမ်းဆောင်နေသရွေ့ ဒီ မူဝါဒသစ်ကို မကျင့်သုံးစေရဘူးလို့ ထုတ်ပြန်ချက် ထုတ်ပြီးနောက် နာရီပိုင်း အတွင်းမှာပါ ထရမ့်က သူမ ကို ရာထူးက ထုတ်ပယ်လိုက်တာပါ။
အိမ်ဖြူတော် သမ္မတရုံးက ထုတ်ပြန်ချက်မှာ ဆယ်လီရက်စ်ဟာ သူ့ဌာနအပေါ်မှာ သစ္စာဖောက်ခဲ့တယ်လို့ အကြောင်းပြထားပါတယ်။
ပြည်ထောင်စုရဲ့ ယာယီ ရှေ့နေချုပ်အဖြစ် ဗာဂျီးနီးယား ပြည်နယ် အရှေ့ပိုင်းခရိုင် ရှေ့နေ ဒေနာဗွန်တီ ကို ထရမ့်က ခန့်လိုက်ပါတယ်။
သမ္မတ ထရမ့်ရဲ့ လူဝင်မှုဆိုင်ရာ မူဝါဒ အသစ်တွေကို အကောင်အထည် ဖော်ဖို့ ဒေနာဗွန်တီက သူ့ဌာနကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ထရမ့်ရဲ့ မူဝဒါအသစ်မှာ မွတ်ဆလင် အများစုရှိ နိုင်ငံခုနှစ်နိုင်ငံက နိုင်ငံသားတွေရဲ့ အမေရိကန်ပြည်ဝင်ခွင့်ကို ယာယီ ပိတ်ပင်ထားပါတယ်။
ဒီကန့်သတ်မှုကို တန်ပြန် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း အမေရိကန်ပြည်ထောင်စု တဝှမ်းနဲ့ နိုင်ငံရပ်ခြားက လမ်းမတွေပေါ် ဖြစ်ပေါ်နေပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese/
ထရမ့်ရဲ့ မူဝါဒကို ဝေဖန်တဲ့ ရှေ့နေချုပ် အထုတ်ခံရ
Reviewed by THITHTOOLWIN
on
13:08
Rating:
