အမြန်လမ်းပေါ်၌ ပုဂံဘုရားဖူးယာဉ် မီးလောင်ပြီး ၈ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ

ယနေ့ ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ် ၄မိုင် ၁ဖာလုံ နှင့် ၂ဖာလုံ ကြားတွင် မီးလောင်ကျွမ်းသော ကားအား မီးငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)
    ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

    ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ် ၄မိုင် ၁ဖာလုံ နှင့် ၂ဖာလုံ ကြားတွင် ယနေ့ နံနက် ၈နာရီခွဲတွင် ပုဂံဘုရားဖူးယာဉ် မီးလောင်ပြီး ၈ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

" ပုဂံဘုရားဖူးကားဗျ၊ အသက်ရှင်တဲ့လူက ဘေးထွက်ကျသွားလို့ ရှင်တာ၊ ကားပေါ်က ၈ယောက်လုံးက မီးလောင်ကျွမ်းပြီး သေတယ်"၎င်းက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းသည့် HI-ACE ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်ကာ လမ်းဘေးတွင် ကာရံထားသောအလူမီနီယံဘောင်ကို ဝင်တိုက်မိခဲ့ပြီး ဓာတ်ဆီတိုင်ကီကွဲ၍မီးစတင်လောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ (၉) ဦးအနက် (၈) ဦး သေဆုံးခဲ့ရပြီး တစ်ဦးအသက်ရှင်ကျန်ရစ်ကြောင်း၊ ဒဏ်ရာရရှိသူတစ်ဦးကို လှည်းကူးဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
အမြန်လမ်းပေါ်၌ ပုဂံဘုရားဖူးယာဉ် မီးလောင်ပြီး ၈ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ အမြန်လမ်းပေါ်၌ ပုဂံဘုရားဖူးယာဉ် မီးလောင်ပြီး ၈ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 14:54 Rating: 5
Powered by Blogger.