ဓားပြခြောက်လှန့်ကာ လုယက်သူများ ဖမ်းမိ

လုယက်မှုဖြင့် ဖမ်းဆီးရမိထားသူ ၄ ဦးကို စစ်ဆေးရာမှ လုယက်မှုများ ထပ်မံပေါ်ပေါက်ခဲ့သည့်အပြင် လုယက်မှုကျူးလွန်ရာတွင် အတူပါဝင်သူ ၂ ဦးကိုပါ ထပ်မံဖမ်းဆီးရမိ အရေးယူ
ရန်ကုန်၊ ဇန်န၀ါရီ ၂၁

၁၂.၁.၂၀၁၇ ရက်နေ့ ၂၃၀၀ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ ပြည်လမ်းအတိုင်း လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးကို ဓားပြခြောက်လှန့်ကာ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်အား လုယက်သွားသူ လူငယ် (၄)ဦးကို ပြည်သူများနှင့် ကမာရွတ်မြို့မရဲစခန်းကတပ်ဖွဲ့ဝင်များက
ပူးပေါင်း ဖမ်းဆီးရမိခဲ့ပြီး ကမာရွတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၂ဖြင့် အရေးယူထားသူများဖြစ်ကြသော လှိုင်သာယာမြို့နယ်နေသူများဖြစ်ကြသည့် ချစ်လွန်း(ခ)အောင်ကျော်ကျော်၊ (၁၉)နှစ်၊ နေမျိုး(ခ)နေမျိုးအောင်၊ (၂၀)နှစ်၊ ကြာစိ(ခ)ရဲနိုင်၊ (၁၈)နှစ်နှင့် ရွှေပြည်သာမြို့နယ်နေ ကိုကို(ခ)သူရနိုင်၊ (၂၀)နှစ်တို့အား အခြားလုယက်မှုများကျူးလွန်ထားခြင်းရှိ၊ မရှိ အနောက်ပိုင်း
ခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက အသေးစိတ်  ထပ်မံစစ်ဆေး ခဲ့ပါသည်။

စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးအတူ ၁၁.၁.၂၀၁၇ ရက်နေ့ ၂၀း၀၀အချိန်ခန့်တွင် ကိုကို(ခ)သူရနိုင်မောင်းနှင်သည့် CZI-125ဆိုင်ကယ်ဖြင့်လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ အမှတ်(၈)သစ်စက်လမ်းကြားအတွင်း စုံတွဲထံမှ iphone 6နှင့် Oppo ဖုန်းတို့အား ဓားထောက်လုယူခဲ့ကြောင်းသိရှိရသဖြင့်လှိုင်မြို့နယ်၊ ပိတောက်ချောင်နယ်မြေရဲစခန်း(ပ)၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/
၅၄ဖြင့်အမှုဖွင့်အရေးယူခဲ့သည့်အပြင် လုယက်မှုများကျူးလွန်ရာတွင် ၎င်းတို့ ၄ ဦးအပြင် မင်္ဂလာဒုံမြို့နယ်နေသူများဖြစ်သည့် သားသား(ခ) မျိုးမြတ်အောင်၊ (၂၀)နှစ်၊ အာမီ(ခ)ကျော်ကျော် (ခ)ကျော်ကျော်ထွေး၊ (၂၄)နှစ်နှင့် ဘွတ်သွတ်(ခ)ဖြိုးကိုကိုလွင်တို့လည်းပါဝင်ကြောင်း စစ်ဆေး
ပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၁၄.၁.၂၀၁၇ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် အတွင်းမှသားသား(ခ)မျိုးမြတ်အောင်နှင့် အာမီ(ခ)ကျော်ကျော်(ခ)ကျော်ကျော်ထွေး တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိထားသူ ကိုကို(ခ)သူရနိုင်အား ဆက်လက်စစ်ဆေးရာ သားသား(ခ) မျိုးမြတ်အောင်၊ အာမီ(ခ)ကျော်ကျော် (ခ)ကျော်ကျော်ထွေး၊ ဘွတ်သွတ်(ခ)ဖြိုးကိုကိုလွင် (စုံစမ်းဆဲ) တို့နှင့်အတူ ၂၀၁၅ခုနှစ်၊ သြဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊နိုဝင်ဘာလများနှင့် ၂၀၁၆ခုနှစ်၊ ဇူလိုင်လအတွင်းက မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့်
အင်းစိန်မြို့နယ်များအတွင်းမှ SAMSUNG Note III ဖုန်း ၁ လုံး၊ SAMSUNG J5 ဖုန်း ၁ လုံး၊ Huawei 610 ဖုန်း ၂ လုံး၊ Huawei 730ဖုန်း ၃ လုံးနှင့် Huawei 8816 ဖုန်း ၁ လုံး၊ VIVO ဖုန်း ၁ လုံး၊ Oppo ဖုန်း ၁ လုံးနှင့် SYH ဖုန်း ၁ လုံးတို့အား လုယက်ယူဆောင်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၂/၅၄ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ဓားပြခြောက်လှန့်ကာ လုယက်သူများ ဖမ်းမိ   ဓားပြခြောက်လှန့်ကာ လုယက်သူများ ဖမ်းမိ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.