ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဇန်နဝါရီ ၂၇ ရက် နံနက် ၁၀ နာရီတွင် မောင်တောမြို့နယ် ရွက်ညိုတောင်ကျေးရွာနေ ရှော်ဖီရာမောက် ၂၅ နှစ် သည် နေအိမ်မှ ရွာအတွင်းသို့ သွားရောက်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိ၍ ဇနီးဖြစ်သူက ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီ မိနစ် ၂၀ တွင် ငါးခူရနယ်မြေရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီ ၂၂ ရက်ကလည်း ဆင်သေပြင် (အရှေ့) ကျေးရွာနေ အီဗြာဟိန်း ၅၅ နှစ် သည်လည်း ကျွဲများသိမ်းရန် ထွက်ခွာသွားစဉ် ပြန်လည်မရောက်ရှိလာသဖြင့် ဇနီးဖြစ်သူက ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ငါးခူရနယ်မြေရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
မောင်တောမြို့နယ်အတွင်း၌ လူ ၂ ဦး ထပ်မံပျောက်ဆုံး
Reviewed by THITHTOOLWIN
on
17:34
Rating:
