အဝေးထိန်း လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ ရှင်းလင်း

TNLA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ ရှင်းလင်း
နေပြည်တော် ဇန်န၀ါရီ ၂၄

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ္မတူမြို့အနီး၌ တပ်မတော်စစ်ကြောင်းသည် လမ်းလုံခြုံရေးဆောင်ရွက်စဉ်  ဇန်န၀ါရီလ (၂၄)ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နမ္မတူမြို့အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ TNLA အကြမ်းဖက် သောင်းကျန်းသူများထောင်ထားသည့် အဝေးထိန်းစနစ်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းခြောက်လုံး၊ စနက်တံခြောက်ခု၊ ၁၂ ဗို့ ဘက်ထရီအိုး တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများကို တွေ့ရှိရှင်းလင်းခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် မိုင်းများအား သက်မဲ့ပြုလုပ်နိုင်ခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
အဝေးထိန်း လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ ရှင်းလင်း  အဝေးထိန်း လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ ရှင်းလင်း Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.