မြိတ် ဇန်န၀ါရီလ ၂၉ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ သာရမဲကျေးရွာတွင် ဇန်န၀ါရီလ(၂၈)ရက် နံနက်ပိုင်းက အမျိုးသားလေးဦးအား စိမ်းဝါရောင်ဘိန်းစာမှုန့်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြိတ်မူးယစ်တပ်ဖွဲ့စု(၃၅)မှ ဒုရဲအုပ် ဝေဖြိုးအောင်ဦးစီးသည့်အဖွဲ့သည် သက်သေ များနှင့်အတူဇန်န၀ါရီလ(၂၈)ရက်၊ နံနက်(၁၀)နာရီခွဲခန့်တွင် အဆိုပါကျေးရွာနေ ရန်ကျော် (အသက်၂၂)နှစ်(ကျပန်းလုပ်)(ဘ)ဦးသန်းဝင်း၏ နေအိမ်တွင်သို့ သတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်မီးဖို အောင်အတွင်း သံသေတ္တာအနီးမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော အလေးချိန်(၆ ဒသမ ၅)ကီလိုဂရမ်ရှိပြီး ကာလတန်ဖိုး(၆၅၀၀၀၀ိ/-)ခန့် စိမ်းဝါရောင် ဘိန်းစာမှုန့်(၁)ထုပ်ကိုလည်းကောင်း၊ ယင်းနေ့ နံနက်(၁၀)နာရီ (၅၀)မီနစ်တွင် အဆိုပါကျေးရွာနေ အောင်ဇော်လင်း(အသက် ၂၀) (လယ်ယာလုပ်)(ဘ)ဦးထွန်းဝင်း၏ နေအိမ် နောက်ဖေးမီးဖိုခန်းအတွင်း အ၀တ်ထုတ်များအောက်မှ အဖြူရောင်မြွေရေခွံအိပ်အတွင်း အဖြူရောင်ကြွပ်ကြွပ် အိတ်ငယ်များဖြင့်ထည့်ထားသော တစ်ထုပ်လျှင်အလေးချိန်(၈၅)ဂရမ်ခန့်စီပါ စိမ်းဝါရောင်ဘိန်းစာမှုန့် (၁၁၃)ထုပ် ကာလတန်ဖိုးငွေ(၉၆၀၀၀၀ိ/-) ခန့်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယင်းနေ့နံနက်(၁၁)နာရီတွင် အဆိုပါကျေးရွာနေ ရန်အောင်(၂၄)နှစ်(ရော်ဘာခြံလုပ်သား) (ဘ)ဦးကျော်လင်း၏ နေအိမ်တွင်သတင်းအရ၀င်ရောက်ရှာဖွေရာ ရန်အောင်ဝတ်ဆင်ထားသော ပုဆိုးခါးပုံစ အတွင်းမှ ပလပ်စတစ်အဖြူရောင်အိတ်ဖြင့်ထုတ်ထားသည့် အလေးချိန်(၃၄၀)ဂရမ်ခန့်စီပါသည့် ဘိန်းစာမှုန့် (၄)ထုပ်နှင့် နေအိမ်မီးဖိုခန်းတွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသည့် ဘိန်းစာမှုန့်(၄)ထုပ်၊ ပေါင်း(၈)ထုပ်၊ စုစုပေါင်းအလေးချိန်(၀ ဒသမ ၆၈)ကီလိုဂရမ် ကာလတန်ဖိုးငွေ(၆၈၀၀၀ိ/-)ကိုလည်းကောင်း၊ ယင်းနေ့ နံနက်(၁၁)နာရီခွဲတွင် အဆိုပါ သာရမဲကျေးရွာနေ မောင်စိုး(၂၉)နှစ်(ကျပန်းလုပ်)(ဘ) ဦးကျောင်လင်း ၏ နေအိမ်တွင် ၀င်ရောက်ရှာဖွေရာ မောင်စိုး၏အိပ်ယာမွေ့ယာအောက်မှ အလေးချိန်(၅၈)ဂရမ်ခန့် စိမ်းဝါရောင်ဘိန်းစာမှုန့်(၁)ထုပ် ကာလတန်ဖိုးငွေ(၅၈၀၀ိ/-)ခန့်ကို ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် စိမ်းဝါရောင်ဘိန်းစာမှုန့်စုစုပေါင်းမှာ(၁၆ ဒသမ ၈၄)ကီလိုဂရမ်ခန့်ဖြစ်ပြီး ကာလတန်ဖိုးငွေ(၁၆၈၃၈၀၀ိ/-)ခန့်ဖြစ်ကာ ဖမ်းဆီးရမိသည့် တရားခံအမျိုးသား(၄)ဦးအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Iprd Myeik
မြိတ်မြို့ သာရမဲကျေးရွာတွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
17:31
Rating:
