သီပေါမြို့နယ် လက်ဖက်ခြံတစ်ခုတွင် မိုင်းကွဲ၍ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးကွယ်လွန်၊ ၂ ဦးဒဏ်ရာရ


သီပေါ ၊ဇန်န၀ါရီ ၂၁ ။

ယနေ့ ၂၁- ၁ -၂၀၁၇ ရက်၊ မနက် ၈ နာရီခန့်က၊ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့၊ အနောက်ဘက် မိုင် ၂၀ ခန့်အကွာ၊မန်လွယ်ကျေးရွာ၊လက်ဖက်ခြံတစ်ခုတွင် “ထောင် “မိုင်းတစ်လုံးပေါက်ကွဲခဲ့သည့်အတွက် အသက် ၂၀ နှစ် အရွယ်အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး၊ အသက် ၁၃ နှစ် နှင့် ၁၅ နှစ် အရွယ် အမျိုးသမီးငယ်နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သီပေါမြို့မရဲစခန်းမှ ခေတ္တစခန်းမှူးရဲအုပ်ဌေးလွင်ကပြောကြောင်း သီပေါဆေးရုံတွင်ရောက်ရှိသတင်းရယူနေသည့် AHN သတင်းထောက်ကယနေ့ နေ့လယ်ပိုင်းတွင်သတင်းပေးပို့သည်။

“ မန်လွယ်ကျးရွာ မြောက်ဘက် ၊ ၁မိုင်လောက် အကွာမှာရှိတဲ့ လက်ဖက်ခြံကိုရှင်းဖို့ ဒီနေ့မနက် ၈ နာရီလောက်က ရွာခံ အမျိုးသမီး လေး တွေ ၁၀ယောက်လောက်က လက်ဖက်ခြံကိုသွားတယ်၊ လက်ဖက်ခြံမှာ ထောင်ထားတဲ့မိုင်းကွဲလို့ အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးနေရာမှာတင်သေဆုံးတယ်၊ ၂ နှစ်ဦးက ဒဏ်ရာရတယ်၊ ဒဏ်ရာရတယ် ကလေး မ လေးတွေလည်း စိုးရိမ်ရတယ်လို့ ရဲအုပ်ဌေးလွင် ကကျွန်တော့်ကိုပြောပါတယ်။ ကျန်တဲ့ ၇ ယောက် ကတော့ ဘာမှမဖြစ်ဘူးလို့လည်းသိရပါတယ်။ သေဆုံး၊ဒဏ်ရာရတဲ့သူတွေ အတွက် သီပေါက ပရဟိတအဖွဲ့တွေဖြစ်တဲ့ ကိုမျိုး( နယ်စည်းမခြား)၊ကိုကျော်စွာ ( ၀မ်းမော) ကိုကျော်ရင် (အနောက်ရပ်)တို့က ကူညီပေးနေပါတယ်။ မြို့ကစေတနာရှင်တွေလည်း လာရောက် ကူညီပေးနေတာတွေ့ရပါတယ် “ ဟု AHN သတင်းထောက်ကပြောသည်။

"ဒဏ်ရာပြင်းထန်တဲ့ ၁၃ နှစ်အရွယ်ကောင်မလေးကို အခုလားရှိုးဆေးရုံပို့ဖို့လုပ်နေပါတယ်။ သေသွားတဲ့ကောင်မလေးနဲ့ ဒဏ်ရာ ရတဲ့ကောင်မလေး နှစ်ယာက်တို့ က ညီအစ်မတွေလို့သိရပါတယ် " ဟု ကိုကျော်ရင်ကပြောသည်။

သွင် (AHN – TPW)

PHOTO – KM (နယ်စည်းမခြား)
The Asia Heart News
သီပေါမြို့နယ် လက်ဖက်ခြံတစ်ခုတွင် မိုင်းကွဲ၍ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးကွယ်လွန်၊ ၂ ဦးဒဏ်ရာရ  သီပေါမြို့နယ် လက်ဖက်ခြံတစ်ခုတွင် မိုင်းကွဲ၍ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးကွယ်လွန်၊ ၂ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 14:36 Rating: 5
Powered by Blogger.