ငါးခူရနယ်မြေရဲစခန်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၁ ဦး ဖမ်းဆီးရမိ


ဇန်နဝါရီ ၂၄၊ ၂၀၁၇

ငါးခူရနယ်မြေရဲစခန်း အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၁ ဦးအား သတင်းအရ ​စောင့်​ဆိုင်းစဉ်​ ဖမ်းဆီးရမိခဲ့သည်​။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် ငါးခူရနယ်မြေရဲစခန်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူများ ရောက်ရှိနေသည်ဟု သတင်းရရှိ၍ ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီတွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ရပ်မိရပ်ဖများနှင့်အတူ ငါးခူရအလယ်ရွာလမ်းဆုံမှ စောင့်ဆိုင်းနေခဲ့သည်။

ထိုသို့စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ်လူတစ်ဦးကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ၎င်းသည် ငါးခူရအလယ်ရွာနေ ရာခတ် (ခ) ရှာကေမူမာမတ် ၂၆ နှစ် ဖြစ်ပြီး ငါးခူရအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ကာ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသောတရားခံအား ငါးခူရနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ငါးခူရနယ်မြေရဲစခန်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၁ ဦး ဖမ်းဆီးရမိ  ငါးခူရနယ်မြေရဲစခန်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၁ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.