မြောက်ဦးနှင့် ဘူးသီးတောင်တွင် မီးလောင်မှုဖြစ်ပွား


ဇန်နဝါရီ ၂၂ / DMG

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကြက်ဈေးရပ်ကွက်နှင့် ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်တို့တွင် ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မြောက်ဦးတွင် နေအိမ် နှစ်လုံး နှင့် ဘူးသီးတောင်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြကြောင်း သိရသည်။

မြောက်ဦးမြို့ ကြက်ဈေးရပ်ကွက်ရှိ ဦးသံခဲအောင် နေအိမ်မှ လျှပ်စစ်ဝါယာရှော့ဖြစ်သဖြင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မီးသတ်နှင့် ပြည်သူလူထု၏ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မီးငြိမ်းသွားခဲ့ပြီး နေအိမ်နှစ်လုံးမီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။


အလားတူ ယနေ့ ဇန်နဝါရီလ (၂၂) ရက်နေ့ ည (၇)နာရီ အချိန်ခန့်ကလည်း ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ ဥပဒေအတိုင်း စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြင့်မြတ်ဖြူ
ဓါတ်ပုံ - မောင်သာဖြူ ၊ မောင်ယဉ်ထွေး
Development Media Group
https://www.facebook.com/dmgnewsagency/
မြောက်ဦးနှင့် ဘူးသီးတောင်တွင် မီးလောင်မှုဖြစ်ပွား  မြောက်ဦးနှင့် ဘူးသီးတောင်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.