ယာခင်းထဲတွင် လောင်းကစားပြုလုပ်သူများအား ဆိုင်ကယ် ၁၀၂ စီး၊ ယာဉ်တစ်စီးနှ့် အတူဖမ်းမိ


ပွင့်ဖြူ  - ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မင်းဘူး ခရိုင်နှင့် ပွင့်ဖြူမြို့နယ် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရ်ီက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ နေ ဦးဝင်းဦး၏ ယာခင်းအတွင်းရှိ သစ်ပင်များအောက်၌ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီး ကျေးရွာနေ ကျော်လင်းခိုင် ဦးစီးပြုလုပ်သော တရားမဝင် လောင်းကစားဝိုင်းများကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်သူများနှင့် သက်သေခံပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရသည်။

အဆိုပါ ဝင်ရောက်ဖမ်းဆီးမှု တွင် လောင်းကစားဒိုင်အဖြစ်ပြုလုပ်သူ ကျော်လင်းခိုင်မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး ၎င်းနှင့်အတူ လောင်းကစား ဒိုင်ပြုလုပ်သူ ချောက်မြို့နယ် သံဘိုအုပ်စု ကန်ရေလေးကျေးရွာနေ အောင်မိုးနှင့် လောင်းကစားပြုလုပ်သူ ၁၉ ဦး ၊ လေးကောင်ဂျင် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်း ကိရိယာများ၊ လောင်းကြေးငွေကျပ်ကျပ် ၂၀၅၀၀၀ ၊ Honda Odyssey ယာဉ် တစ်စီး၊ ဆိုင်ကယ် ၁၀၂ စီးနှင့် စက်ဘီးတစ်စီးတို့ကို လည်းကောင်း၊ ဆက်လက်၍ ခြောက်ကောင်ဂျင်ဝိုင်း ပြုလုပ်သူ အေးနိုင် ကျောင်းကုန်းကြီး ကျေးရွာ ပွင့်ဖြူမြို့နယ်နေသူအား လောင်းကစားပြုလုပ်သော ပစ္စည်း ကိရိယာများနှင့်လည်းကောင်း၊ စိုးသန်း ပေတောကျောင်းကုန်းရွာ ပွင့်ဖြူမြို့နယ် နေသူနှင့် ကျော်ဆန်းလှိုင် အုတ်ဖို ကျေးရွာ ပွင့်ဖြူမြို့နယ် နေသူတို့အား ခြောက်ကောင်ဂျင် လောင်းကစား ပြုလုပ်သော ပစ္စည်းကိရိယာများ၊ လောင်းကြေးငွေကျပ် ၉၇၇၀၀ များနှင့် လည်းကောင်း၊ ဆက်လက်၍ ကျော်ဆန်းမိုး၊ ကျောင်းကုန်းကြီး ကျေးရွာ ပွင့်ဖြူမြို့နယ်နေသူအား ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ် သော ပစ္စည်းကိရိယာများနှင့်လည်း ကောင်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ယင်း သိမ်းဆည်းရမိခဲ့မှုနှင့် ပတ်သက်၍ ကျော်လင်းခိုင်၊ အောင်မိုး နှင့် လာရောက်လောင်းကစားပြုသူများ ဖြစ်ကြသည့် တင်ထွန်းပါ ၁၉ ဦး၊ လေးကောင်ဂျင်ကစားဝိုင်းကို ယာခင်း အတွင်းပြုလုပ်ရန် ခွင့်ပြုသူ ဝင်းဦးနှင့် အေးနိုင်တို့အား ပွင့်ဖြူမြို့နယ် မြို့မရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျော်ဇေယျ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ယာခင်းထဲတွင် လောင်းကစားပြုလုပ်သူများအား ဆိုင်ကယ် ၁၀၂ စီး၊ ယာဉ်တစ်စီးနှ့် အတူဖမ်းမိ  ယာခင်းထဲတွင် လောင်းကစားပြုလုပ်သူများအား ဆိုင်ကယ် ၁၀၂ စီး၊ ယာဉ်တစ်စီးနှ့် အတူဖမ်းမိ Reviewed by THITHTOOLWIN on 08:14 Rating: 5
Powered by Blogger.