ညောင်လေးပင်မြို့နယ် သရက်ကုန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သရက်ကုန်းကျေးရွာမှာ ဇန်နဝါရီ(၉)ရက် မွန်းလွဲ(၁)နာရီအချိန်ခန့်က လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အသက်(၇၀)အရွယ်ရှိဦးသောင်းစိန်(ခ)ဦးဂျပန်ဟာမတ်ပဲစိုက်ခင်းသွားကြည့်ရာကနေ အိမ်ပြန်မရောက်လာတဲ့အတွက် မိသားစုဝင်တွေ လိုက်လံရှာဖွေခဲ့ရာ မတ်ပဲစိုက်ခင်းအတွင်းဒဏ်ရာတွေနဲ့မှောက်လျက် သေဆုံးနေတာကိုတွေ့ရလို့ သားဖြစ်သူ ဦးဇော်လင်းက ညောင်လေးပင်မြို့မရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။


အဲဒီနောက်ညောင်လေးပင်မြို့မ ရဲစခန်းကစုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့ရာမှာ အခင်းဖြစ်ပြီး(၂) နာရီခန့် က သရက်ကုန်းကျေးရွာမြောက်ဘက် (၁)မိုင်ခန့်အကွာရှိ ရှမ်းစုကျေးရွာနဲ့ မအူတန်းကျေးရွာကြား တံတားပေါ်မှာ မသင်္ကာသူတစ်ဦးကို တွေ့ရှိ စစ်ဆေးမေးမြန်းရာကနေ အမှုမှန်ပေါ်ပေါက်ခဲ့တယ်လို့ ရဲစခန်းမှတ်တမ်းအရ သိရပါတယ်။


စစ်ဆေးမေးမြန်းချက်အရ ပြစ်ချက်ဟောင်းရှိသူ အသက် (၄၂)အရွယ် မြင့်အေး(ခ)ကြက်ကန်းဟာ လူသတ်မှုနဲ့ ထောင်အနှစ်(၂၀) ကျခဲ့ဖူးသူသိရပါတယ်။ အဲဒီပြစ်မှုကျူးလွန်းသူလို့ ယူဆရသူဟာ အရက်သေစာသောက်စားထားပြီး သရက်ကုန်းကျေးရွာအနီး လယ်ကွင်းမှာ ဦးသောင်းစိန်(ခ) ဦးဂျပန်နဲ့ စကားများရန်ဖြစ်ကာ ဒေါသအလျှောက် ဝါးတုတ်နဲ့ ရိုက်မိခဲ့တာဖြစ်တယ်လို့ ရဲစခန်းစစ်ဆေးချက်အရ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် ပြစ်မှုကျူးလွန်သူလို့ ယူဆရသူ မြင့်အေး(ခ)ကြက်ကန်းကို ဖမ်းဆီးပြီး ဥပဒေအရတရားစွဲဆိုနိုင်ဖို့ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ပန်းချီသန်းဝင်း(တောင်ငူ) ပေးပို့ တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ညောင်လေးပင်မြို့နယ် သရက်ကုန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွား ညောင်လေးပင်မြို့နယ် သရက်ကုန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.