မိုးညှင်းမြို့နယ်တွင် မိန်းကလေးငယ်များ ပျောက်ဆုံးမှုဖြစ်ပွားနေ


မိုးညှင်း ဇန်နဝါရီ ၁၁

ကချင်ပြည်နယ် မိုးညှင်းမြို့ တွင် အမျိုးသမီးငယ်လေးများ ပျောက်ဆုံးလျက်ရှိရာ သက်ဆိုင် သူများက မိုးညှင်းမြို့မရဲစခန်း တွင်အကူအညီတောင်းခံခဲ့ကြသဖြင့် လူပျောက်မှုဖြင့် ရေးဖွင့်စုံစမ်းရှာ ဖွေလျက်ရှိကြောင်း သိရသည်။


စုံစမ်းသိရှိရသည်မှာ ယခုလ ၉ရက် ညနေ ၅နာရီ ၂၅ မိနစ် တွင် မိုးညှင်းမြို့နယ် ဘီလူးကျေး ရွာမြို့ဟောင်းရပ်ကွက်နေ ဦးစိုး ဝင်းဦးသည် မိုးညှင်းမြို့မရဲစခန်း သို့လာရောက်ကာ ၄င်း၏ညီမဖြစ် သူ မငြိမ်းအိဖြူ(ခ)မငြိမ်းငြိမ်း (၁၈နှစ်)သည် မအိအိမိုးအသက် (၂ဝ)၊ မနုနုအေး(၂၃နှစ်)၊ မဝင်းလှ (ခ)မငယ်(၃၄နှစ်)တို့သည် မိဘ အုပ်ထိန်းသူတို့၏ခွင့်ပြုချက်အရ ပင်းဟဲကျေးရွာနေ မောင်ဇော်ရဲ(ခ) ဇော်ရဲထွန်းအသက်(၃ဝ)နှင့်အတူ ယခုလ ၅ရက်တွင် မြစ်ကြီးနားမြို့ သို့ အလုပ်လုပ်ရန်လိုက်ပါသွားခဲ့ ကြကြောင်း၊ ထိုသို့လိုက်ပါသွားရာမှ ယခု လ ၉ ရက်တွင် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး စုံစမ်းခဲ့သော် လည်း သတင်းအစအနမရရှိတော့ သဖြင့် အကူအညီတောင်းခံခဲ့ ကြောင်း သိရသည်။


ထို့ကြောင့် သတင်းအဆက် အသွယ်မရဘဲ ပျောက်ဆုံးနေကြ သော မငြိမ်းအိဖြူ(ခ)မငြိမ်းငြိမ်း၊ မအိအိမိုး၊ မနုနုအေး၊ မဝင်းလှ(ခ) မငယ်တို့ပျောက်ဆုံးနေမှုကိုမိုးညှင်း မြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ် (၃/၂ဝ၁၇)ဖြင့်လက်ခံကာ ရဲစခန်း အသီးသီးသို့ ဆက်သွယ်အကူအညီ တောင်းခံထားသည်။

ထို့အတူ မိုးညှင်းမြို့နယ် အမှတ်(၆ဝ၃)ဒုံးတပ်မှ အမျိုးသမီး ငယ်နှစ်ဦးပျောက်ဆုံးလျက်ရှိပြီး မိုးညှင်းမြို့မရဲစခန်းတွင်လူပျောက် တိုင်ကြားထားကြောင်း သိရသည်။


စုံစမ်းသိရှိရသည်မှာ ယခုလ ၅ရက်တွင် မိုးညှင်းမြို့နယ် အမှတ် (၆ဝ၃)ဒုံးတပ်မှ ဒုတပ်ကြပ် လှမြင့် ၏သမီးဖြစ်သူ မစန္ဒာအေး(ခ)မသီ တာဌေး(၁၆နှစ်)သည်အောင်သပြေ (၃)ရပ်ကွက်နေ ဒေါ်ဇာဇာမြင့်၏ နေအိမ်တွင်ကလေးထိန်းလုပ်ကိုင် နေစဉ်တစ်တပ်တည်းနေ တပ်ကြပ် ခင်မောင်လွင်၏သမီးဖြစ်သူ မဝင်း ဝင်းမော်နှင့်မုန့်စားလိုက်သွားစဉ်ပြန် ရောက်လာခြင်းမရှိသဖြင့် ဒေါ်ဇာ ဇာမြင့်က မိဘများထံဆက်သွယ် အကြောင်းကြားခဲ့သည်။


ထို့ကြောင့် ဒုတပ်ကြပ်လှမြင့် က သမီးဖြစ်သူမစန္ဒာအေး(ခ)မသီ တာဌေးပျောက်ဆုံးနေမှုကို ကူညီ စုံစမ်းပေးပါရန်မိုးညှင်းမြို့မရဲစခန်း တွင်အကြောင်းကြားခဲ့သဖြင့် လူ ပျောက်အမှတ်စဉ်(၂/၂ဝ၁၇)ဖြင့် ရေးဖွင့်ကာ စုံစမ်းရှာဖွေလျက်ရှိ သည်။ ထို့အပြင် မိမိတို့ပတ်ဝန်း ကျင်တွင် ဖော်ပြပါအမျိုးသမီးငယ် များအားတွေ့ရှိပါက မိုးညှင်းမြို့မ ရဲစခန်း ဖုန်း ဝ၇၄၆ဝဝ၁၂သို့ ဆက် သွယ်အကြောင်းကြားပေးပါရန် နှိုးဆော်ထားကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net
မိုးညှင်းမြို့နယ်တွင် မိန်းကလေးငယ်များ ပျောက်ဆုံးမှုဖြစ်ပွားနေ မိုးညှင်းမြို့နယ်တွင် မိန်းကလေးငယ်များ ပျောက်ဆုံးမှုဖြစ်ပွားနေ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.