တောင်သာမြို့နယ် ဆီမီးကန်ကျေးရွာက မိသားစုတစ်စုလုံး သေကြောင်းကြံစည်မှု့ ၊ တစ်ဦးသေဆုံး ၄ ဦး ဆေးကုသမှု့ ခံယူနေရ

မိသားစုတစ်စုလုံး သေကြောင်းကြံစည်
မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့နယ် ဆီမီးကန်ကျေးရွာ၌ မိသားစုတစ်စုသည် တီဘီရောဂါခံစားနေရ၍ စိတ်ဓါတ်ကျကာ သေကြောင်းကြံစည်မှု ဇန်နဝါရီ၂၁ရက် နံနက် ၁၀နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး လေးဦးဆေးကုသမှု ခံယူနေရ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ တောင်သာမြို့နယ် ဆီးမီးကန်ရွာနေ ခင်ပွန်းဖြစ်သူ ကျော်ကျော်ထွန်း၊ ဇနီးဖြစ်သူ မပု၊
သားဖြစ်သူ ဇင်ကိုထက်၊ ၀င်းထက်၊ သမီးဖြစ်သူ မ၀င်းစန္ဒာ တို့သည် ဆီမီးကန်ကျေးရွာချောင်း၏
အရှေ့ဘက်ခြမ်းရှိ မကြည်အေး၏ ပဲစင်းငုံယာခင်းအတွင်း၌ ဓါးဒဏ်ရာများနှင့် လဲနေသည်ကိုတွေ့ရပြီး သမီးဖြစ်သူမှာ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

မိဘနှစ်ပါးဖြစ်သူသည် တီဘီ ဆေးယဉ်ပါးရောဂါ ခံစားနေရ၍ ဆေးကုသမှု ခံယူနေရပြီး ဆက်လက် ဆေးကုသနိုင်ခြင်း မရှိ၍၄င်း၊ ဆင်းရဲနွမ်းပါသည့်ဒဏ်ကို မခံနိုင်၍၎င်း၊  စိတ်ဓါတ်ကျကာ
လင်မယားနှစ်ယောက် တိုင်ပင်လျက် ကလေးများအား ကြွက်ဆေးနှစ်ထုပ်စီ ရေဖြင့်ဖျော်တိုက်ကာ ၎င်းတို့ကိုယ်တိုင်လည်း သောက်ခဲ့ကြောင်း၊ ထို့နောက် သားသမီးများ၏ လည်ပင်း၊ ဦးခေါင်းတို့အား ဓါးဖြင့် ခုတ်ခဲ့ကြပြီး လင်မယားချင်းလည်း အပြန်အလှန်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ၏ပြောပြချက်အရသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျော်ကျော်ထွန်း (၃၇)နှစ် (မစိုးရိမ်ရ)မှာ ဦးခေါင်း ယာဘက်ခြမ်း ဓါးဒဏ်ရာ(၈)ချက် ဦးခေါင်းနောက်ဖက်ခြမ်း ဓါးဒဏ်ရာ(၉)ချက်၊ မပု (၃၈)နှစ် (မစိုးရိမ်ရ)မှာ ဦးခေါင်းရှေ့ခြမ်း ဓါးဒဏ်ရာ(၁၁)ချက် ဦးခေါင်းနောက်ဘက်ခြမ်း ဓါးဒဏ်ရာ(၇)ချက် မ၀င်းစန္ဒာ(၁)နှစ်(သေဆုံး)မှာ လည်ပင်းတွင် ဓါးဒဏ်ရာ(၁)ချက် ဦးခေါင်းထိပ်ဖူးယောင်ချိုင့်ဝင် ဒဏ်ရာ(၁)ချက် ဇင်ကိုထက်(၈)နှစ် (မစိုးရိမ်ရ)မှာ ဦးခေါင်းပတ်လည် ပြတ်ရှဒဏ်ရာများ(၈)ချက် ၀င်းထက်(၄)နှစ်(မစိုးရိမ်ရ)မှာ လည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက် ဦးခေါင်းဝဲခြမ်း ပြတ်ရှဒဏ်ရာ(၉)ချက် နဖူးထိပ် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိခဲ့၍ တောင်သာဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တောင်သာမြို့မရဲစခန်းမှ (ပ)၁၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-
၃၀၂/၃၀၇/၃၂၆ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Htun Lin Media - Taungtha
https://www.facebook.com/tunlinmedia/
တောင်သာမြို့နယ် ဆီမီးကန်ကျေးရွာက မိသားစုတစ်စုလုံး သေကြောင်းကြံစည်မှု့ ၊ တစ်ဦးသေဆုံး ၄ ဦး ဆေးကုသမှု့ ခံယူနေရ   တောင်သာမြို့နယ် ဆီမီးကန်ကျေးရွာက မိသားစုတစ်စုလုံး သေကြောင်းကြံစည်မှု့ ၊ တစ်ဦးသေဆုံး ၄ ဦး ဆေးကုသမှု့ ခံယူနေရ Reviewed by THITHTOOLWIN on 05:59 Rating: 5
Powered by Blogger.