သိန်းနီရေပူအမြဲတန်း စစ်ဆေးရေးစခန်းမှာ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး အပါအ၀င်တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးရမိ


လားရှိုး ဇန်န၀ါရီ ၂၂ရက်

ဇန်န၀ါရီလ၂၂ရက်နေ့ နံနက်၁၀း၃၀ခန့်တွင် သိန်းနီရေပူအမြဲတန်း စစ်ဆေးရေးစခန်းသို့ ဖြတ်သန်းဝင်ရောက်လာသော မော်တော်ယာဉ်များကို တာဝန်ကျအဖွဲ့စုံက စစ်ဆေးရာ လိုင်စင်မဲ့မော်တော်ယာဉ် ၂စီး ဖမ်းဆီးရမိသည် ဟု ရေပူ အမြဲတန်းစစ်ဆေးရေးစခန်း တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရပါသည်။

သိန်းနီရေပူအမြဲတန်း စစ်ဆေးရေး စခန်းသို့ မူဆယ်မြို့မှ လားရှိုးမြို့ဖက်သို့ လာသော ၁၆ဘီးကုန်တင် ကွန်တိန်နာယာဉ်ပေါ်မှ ပန်းသီးနှင့်သစ်သီးများကို လည်းကောင်း၊ ယာဉ်အမှတ် 81/၆၃၈၄ ယာဉ်ပေါ်မှ တရားမ၀င် သယ်ဆောင် လာသော ၀က်ဆီဖတ်များနှင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်ငယ်တစ်စီးပေါ်မှ တရားမ၀င်သယ်ဆောင်လာသော ကုန် ပစ္စည်းမျိုးစုံကို လည်းကောင်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံကို စစ်ဆေးတွေ့ရှိရသဖြင့် တရားမ၀င် ကုန်ပစ္စည်းများ သယ်ဆောင်လာသောမော်တော်ယာဉ် ၉စီးနှင့်အတူ သိမ်းဆည်းရမိသော ကုန်ပစ္စည်းများကို လားရှိုးမြို့ရှိ အကောက်ခွန်ဦးစီးဌာနသို့ ပို့အပ်သိမ်းဆည်းလိုက်သည်ဟု အကောက် ခွန်ဦးစီးဌာနမှ သိရပါသည်။


သိန်းနီရေပူ အမြဲတန်း စစ်ဆေးရေးစခန်းကို (၇-၁-၂၀၁၂)နေ့က တရားဝင်ပိတ်သိမ်းထားခဲ့ပြီး ၅နှစ် အကြာ(၁၆-၁-၂၀၁၇)ရက်နေ့တွင် ပြန်လည်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး တရားမ၀င်ကုန်စည်ဝင်ထွက်မှု ထိန်း ချုပ် နိုင်စေရေးနှင့် ကန့်သတ်တားမြစ်ကုန် ပစ္စည်းများ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ၊ နိုင်ငံအတွင်း ၀င်ရောက်လာမှု မရှိစေရေး၊ သစ်တောနှင့် သယံဇာတကျွဲနွားများ
တရားမ၀င်တင်ပို့နေမှုများ တားဆီးထိန်းချုပ်နိုင်ရန် အတွက်ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိန်းနီရေပူ အမြဲတန်းစစ်ဆေးရေးစခန်းကို ၁၉၉၇ခုနှစ် ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၂၀၀၆ခုနှစ်တွင် နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနသို့ တရားဝင်လွှဲပြောင်း လုပ် ဆောင်ခဲ့သည်ဟု သိရပါသည်။

ပြန်လည်ဖွင့်လှစ်ရာတွင် အကောက်ခွန်ဦးစီးဌာနက တာဝန်ယူပြီး ရဲတပ်ဖွဲ့၊ သစ်တော၊ လ၀က၊နယ်စပ်ကုန်သွယ်ရေး စသည့်အဖွဲ့ပေါင်း ၁၁ဖွဲ့ ၀န်ထမ်း ၈၂ဦးက နေ့စဉ်တာဝန်ယူ စစ်ဆေးသွားမည်ဖြစ်သည်ဟု သိရပါသည်။

 မမ(လားရှိုး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သိန်းနီရေပူအမြဲတန်း စစ်ဆေးရေးစခန်းမှာ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး အပါအ၀င်တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးရမိ   သိန်းနီရေပူအမြဲတန်း စစ်ဆေးရေးစခန်းမှာ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး အပါအ၀င်တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.