ချမ်းမြသာစည်မြို့နယ်အတွင်းတွင် ဆရာတော်တစ်ပါး ရထားကျိတ်ခံရ၍ ပျံလွန်တော်မူသွားခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းထံ က သတင်းရရှိသည်။
ဇန်န၀ါရီလ (၂၃) ရက်နေ့ နံနက် (၆) နာရီအချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက် မြို့ဟောင်းဘူတာနှင့် အမရပူရဘူတာအကြား မိုင်တိုင်အမှတ် ၃၈၃/၁၃-၁၄၊ ရွှေညောင်ပင်ရထားသံလမ်းကွေ့ အနီးတွင် မြောက်မှတောင်သို့ အမှတ် (၄၇) စက်ခေါင်းအမှတ် DT-1514 နဘားကော်ကယ် (အဆန်) ရထား၊ စက်ခေါင်းမောင် ဦးအောင်ကျော်ဦး၊ ရထားထိန်း ဦးကျော်ဆွေဝင်းတို့ မောင်းနှင်လာသည့် ရထားကျိတ်မိ၍ ဆရာတော် ဦးဇောတိက သက်တော် (၅၅) နှစ်သည် ပျံလွန်တော်မူသွားခဲ့ကြောင်း အမှတ် (၁၁) နယ်မြေရဲစခန်း မှ တာဝန်ကျရဲအရာရှိတစ်ဦးထံက သိရသည်။
‘’ သာသနာယံသီ အတုလကာယီကျောင်းတိုက်မှာ ခေတ္တတည်းခိုနေတဲ့ ဆရာတော်ပါ ရထားကျိတ်မိလို့ ပျံလွန်တော်မူသွားတယ် လမ်းဖြတ်ကူးတာလားဘာလားတော့ မသိရပါဘူး၊ အမှုတော့ ဖွင့်ထားပါတယ် ‘’ဟု အဆိုပါ တာဝန်ကျရဲအရာရှိက ပြောပြသည်။
အဆိုပါ ဆရာတော်သည် ရထားကျိတ်ခံရ၍ ဘယ်ဘက်ဒူးပြတ်ရှဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာ၊ နဖူးနှင့် နှာခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိကာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ချမ်းမြသုခလူမှုကူညီရေး အသင်းမှ ဇန်န၀ါရီလ (၂၃) ရက်နေ့ နံနက် (၆) နာရီကျော်တွင် သွားရောက်သယ်ယူကာ မန္တလေးမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ လူမှုကူညီရေးအသင်းထံက သိရသည်။
ထိုကဲ့သို့ ရထားကျိတ်ခံရ၍ ပျံလွန်တော်မူခံခဲ့ရမှုအား အမှတ် (၁၁) နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၇) အရ အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ - CMTK Rescue team - Ko pyae
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ချမ်းမြသာစည်မြို့နယ်အတွင်းတွင် ဆရာတော်တစ်ပါး ရထားကျိတ်ခံရ၍ ပျံလွန်တော်မူ
Reviewed by THITHTOOLWIN
on
16:56
Rating:
