သီပေါမြို့နယ်၊ မြို့ဟောင်းကျေးရွာအနီးတွင် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင်တိုက်မိရာမှ နှစ်ဦးသေ၊ လေးဦး ဒဏ်ရာရ


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ မြို့ဟောင်းကျေးရွာအနီးတွင် ဇန်နဝါရီ ၂၀ ရက်၊ နံနက်ပိုင်းက ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သီပေါယာဉ်ထိန်းရုံးမှ သိရှိရသည်။

သီပေါမြို့နယ်၊ ပန်စောက်မိန်းကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာအနီး မန္တလေး-လားရှိုးသွား ပြည်ထောင်စုလမ်း မကြီး၊ မိုင်တိုင်အမှတ် ၁၃၁/၅-၆ အကြားတွင် ခမ်းခုံးဆိုသူမောင်းလာသည့်(၂၂)ဘီးတွဲယာဉ်မှာ (၁၂)ဘီးယာဉ် အားကျော်တက်စဉ် မန္တလေးမြို့နေ ပြည့်ဖြိုးအောင်မောင်းနှင်လာသော AD VAN အဖြူရောင်ကို မျက်နှာချင်း ဆိုင်တိုက်မိရာမှ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တွဲကားက (၁၂)ဘီးကားကို ကျော်တက်လာတဲ့အချိန် ရှေ့ကလာတဲ့ AD VAN ကို ချိတ်ဆွဲသလိုဖြစ်သွားကြ တာပါ။”ဟု သီပေါယာဉ်ထိန်းရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

တွဲကားသည် ဗင်ကားယာဉ်ငယ်အား ပေ(၅၀)ခန့်အကွာထိချိတ်ဆွဲသွားခဲ့ပြီး AD VAN ပေါ်တွင်လိုက်ပါလာ သည့်ယာဉ်မောင်းနှင့် ခေါင်းခန်းတွင်လိုက်ပါလာသူတို့သေဆုံးကာ ယာဉ်နောက်ခန်းတွင်လိုက်ပါလာသည့်(၄) ဦးမှာ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ယာဉ်တိုက်မှုဖြစ်တယ်ဆိုလို့ လာပြီးကူညီတာပါ။ တစ်ဦးက နေရာမှာပဲဆုံးသွားတယ်။ နောက် တစ်ဦးက သီပေါဆေးရုံရောက်မှဆုံးတယ်။ ကျန်တဲ့(၄)ဦးကိုတော့ လားရှိုးပြည်သူ့ဆေးရုံကြီးကို လာပို့တာပါ။” ဟု နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုးကပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် (၂)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရစေခဲ့သူ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းနေသူ တွဲကားယာဉ်မောင်း ခမ်းခုံး(၁၈)နှစ်အား သီပေါမြို့မရဲစခန်းမှ ယာဉ်(ပ) ၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၈/၃၀၄-က တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
သီပေါမြို့နယ်၊ မြို့ဟောင်းကျေးရွာအနီးတွင် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင်တိုက်မိရာမှ နှစ်ဦးသေ၊ လေးဦး ဒဏ်ရာရ  သီပေါမြို့နယ်၊ မြို့ဟောင်းကျေးရွာအနီးတွင် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင်တိုက်မိရာမှ နှစ်ဦးသေ၊ လေးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 13:44 Rating: 5
Powered by Blogger.