လူ ၅ ဦးသေ၊ ၁ ဦး ဒဏ်ရာရ ၊ ငွေကျပ် ၉၇သိန်းကျော် ဆုံးရှုံးခဲ့ရသည့် တ/ဒဂုံမှ မီးလောင်မှုဖြစ်စဉ်


ဒဂုံမြို့သစ်မြို့နယ်တောင်ပိုင်း ၁၈ရပ်ကွက်၊ မောင်းမကန်လမ်းနှင့် စည်ပင်လမ်းထောင့်ရှိ အကွီ(၁) စားသောက်ဆိုင်တွင် ဇန်န၀ါရီလ ၂၁ ရက် နံနက် ၄ နာရီ ၂၅ မိနစ်က မီးလောင်မှုဖြစ်ပွါးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် လူ ၅ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိကာ ငွေကျပ် ၉၇သိန်းကျော် ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်ဌာန (ဗဟို) မှသိရသည်။

ယင်းစားသောက်ဆိုင် ချက်ပြုတ်ခန်းအတွင်းရှိ ဂက်စ်အိုး ယိုစိမ့် ပျံ့နှံ့ရာမှ မီးကြွင်းမီးကျန်နှင့်ထိတွေ့ပြီး စတင်လောင်ခဲ့ခြင်းဖြစ်ကာ အဆိုပါမီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင် ၈၀ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅၀ ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။


မီးလောင်မှုကြောင့် ဆိုင်ဝန်ထမ်းဖြစ်သူ ကိုဖူးပွင့်ဝေ(၂၅နှစ်) သည် လက်နှင့်ကျောကုန်းတွင် မီးလောင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိပြီး ဆိုင်ပိုင်ရှင်၏သားဖြစ်သူ ကိုသော်ဇင်ဟန် (၂၈ နှစ်)သည် အပေါ်ထပ်အိပ်ခန်းတွင် မီးခိုးမွန်သေဆုံးခဲ့သည်။

ထို့ပြင် ထပ်ခိုးပေါ်တွင်အိပ်နေသည့် မောင်အောင်ကောင်းထက်စံ (၁၆ နှစ်)၊ နေလင်းဦး (၁၇ နှစ်)၊ မင်းမင်း (၁၉ နှစ်)၊ ၀ိုင်းတုံချစ် (၁၆ နှစ်) တို့ လေးဦးသည်လည်း မြေညီထပ်အုတ်ရေကန် ( ၈x ၆ x ၁၀ ပေ) အတွင်း ခုန်ဆင်းခဲ့သော်လည်း လွတ်မြောက်ခြင်းမရှိဘဲ မီးခိုးမွှန် သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် အကျယ်အ၀န်း(၂၅×၅၀)ပေ အာရ်စီ ၂ထပ် ၁လုံး၊ တန်ဖိုးငွေကျပ် (၂၀၀၀၀၀၀ )၊ အတွင်းပစ္စည်းများဖြစ်သော 25 kg ဂက်စ်အိုး ၃ လုံး၊ Freezer ၁ လုံး၊ အဲယားကွန်း ၁ ကောင်အား ၁ လုံး ၊ စားပွဲခုံနှင့်ထိုင်ခုံများ၊ မွေ့ယာ၊ အိပ်ယာခင်း၊ စားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများတန်ဖိုး(ငွေကျပ် ၇၇၅၀၀၀) စုစုပေါင်းတန်ဖိုး ငွေကျပ် ၉၇၅၀၀၀၀ ခန့်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဌာနမှ ထုတ်ပြန်ထားသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်ပိုင်ရှင် ဦးဖေဟန်နှင့် ၀န်ထမ်းဖြစ်သူ ဦးနေလင်းဦးတို့ ၂ ဦးအား ပ/၇၅/၂၀၁၇/ ပုဒ်မ ၂၈၅၊ ပုဒ်မ ၃၀၄ (က)တို့ဖြင့် အရေးယူထားကြောင်း တ/ဒဂုံမြို့မရဲခန်းမှ သိရသည်။

လင်းလင်းအောင်
(ဓာတ်ပုံ- Nyi Nyi FB)
News Watch
https://www.facebook.com/NewsWatchJournal
လူ ၅ ဦးသေ၊ ၁ ဦး ဒဏ်ရာရ ၊ ငွေကျပ် ၉၇သိန်းကျော် ဆုံးရှုံးခဲ့ရသည့် တ/ဒဂုံမှ မီးလောင်မှုဖြစ်စဉ်  လူ ၅ ဦးသေ၊ ၁ ဦး ဒဏ်ရာရ ၊ ငွေကျပ် ၉၇သိန်းကျော် ဆုံးရှုံးခဲ့ရသည့် တ/ဒဂုံမှ မီးလောင်မှုဖြစ်စဉ် Reviewed by THITHTOOLWIN on 13:40 Rating: 5
Powered by Blogger.