ပစ်ခတ်မှုကြောင့် ၁၆ လသား သေဆုံးမှု စုံစမ်းနေ


ပြည်ပသတင်းဌာနအချို့မှ သတင်းရေးသားထုတ်လွှင့်ဖော်ပြခဲ့သည့် Zafor Alam ၏ ပြောကြားချက် နှင့်ပတ်သက်ပြီး သက်ဆိုင်တာဝန်ရှိသူများက အဖြစ်မှန်ဖော်ထုတ်နိုင်ရေး ဆက်လက်စုံစမ်းမှု ပြုလုပ်လျက်ရှိ

နေပြည်တော် ဇန်န၀ါရီ ၊ ၁၉

ပြည်ပသတင်းဌာနအချို့တွင် ထုတ်လွှင့်ဖော်ပြသွားသည့် နတ်မြစ်အတွင်း ၁၆ လသားအရွယ် မိုဟာ မက်ရှုဟာဘတ် သေဆုံးနေသည့် သတင်းနှင့် ၄င်း၏ဖခင်ဆိုသည့် Zafor Alam ၏ ပြောကြားချက်ကို သတင်းထုတ်လွှင့်ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးခဲ့ရာ လက်တွေ့မြေပြင်တွင် ဖြစ်စဉ်မရှိခဲ့သည့်အတွက် ဖြစ်စဉ်မှန် တိတိကျကျ ဖော်ထုတ်နိုင်ရေး ဆက်လက် စုံစမ်းမှုပြုလုပ်လျက်ရှိသည်။

မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာသည့် လှေအား မြန်မာနိုင်ငံနယ်ခြား စောင့်ရဲတပ်ဖွဲ့မှ လက်လွှတ်စပယ် ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအ၀င် (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိုသေဆုံးသူများထဲတွင် ၁၆ လသား အရွယ်ကလေးငယ်ပါဝင်ကြောင်း၊ အဆိုပါ ၁၆ လ သားအရွယ် မိုဟာမက်ရှုဟာဘတ် သေဆုံးနေသည့်ပုံအား အခြားသူများက ဓာတ်ပုံရိုက်ယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ LADA ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသည့် ဖခင်ဖြစ်သူ Zafor Alam ထံသို့ ပေးပို့ခဲ့ကြောင်းကို ပြည်ပသတင်းဌာနအချို့မှ သတင်းရေးသား ထုတ်လွှင့်ဖော်ပြခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာက Zafor Alam နှင့်ပတ်သက်ပြီး လိုက်လံစုံစမ်းခဲ့ရာ ဦးရှင်းကျား ကျေးရွာတွင် Zafor Alam ဆိုသူတစ်ဦးရှိရာ ၄င်းမှာလွန်ခဲ့သည့် (၂) လခန့်ကတည်းက ကျောက်ဖြူ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူဖြစ်ပြီး ဓါတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးရာ သတင်းဌာနများမှ မေးမြန်းခဲ့သည့် Zafor Alam မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။



သို့ဖြစ်၍ သက်ဆိုင်ရာက သတင်းတွင် ပါရှိသော Zafor Alam နှင့်ပက်သတ်၍ ဆက်လက် စုံစမ်းရာ Zafor Alam မှာ ရေခပ်ချောင်းဂွဆုံကျေးရွာတွင် နေထိုင်သူဖြစ်သည်ကို သိရှိရပြီး ၄င်းနှင့်တစ်ရွာတည်း နေထိုင်ကြသူများအား စုံစမ်းမေးမြန်းခဲ့သည်။

Zafor Alam နှင့် တစ်ရွာတည်းနေထိုင်သည့် ရေခပ်ချောင်းဂွဆုံကျေးရွာမှ ကျေးရွာတာဝန်ခံ မာမောက်ဆလင်(ဘ) နာတီဟူဆောင်းအားမေးမြန်းရာ Zafor Alam ကို ကောင်းစွာသိရှိကြောင်း၊ ၄င်းမှာ ရေခပ်ချောင်းဂွဆုံကျေး ရွာတွင်နေထိုင်ကြောင်း၊ ၄င်း၏ဖခင် ဒူဒူမီယာနှင့် မိခင်မရိုဆက်မှာ လွန်ခဲ့သည့် (၁၀) နှစ်ခန့်က မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြောင်း၊ ၄င်းမှာ သားအကြီးဆုံး ဖြစ်ကြောင်း၊ ၄င်းတွင် သားနှစ်ဦးရှိပြီး ဆိုဖိုက်တ် (၃) နှစ်နှင့် ၁ နှစ် ၆ လအရွယ် မိုဟာမက် ရှုဟာဘတ်တို့ ရှိကြောင်း၊ လွန်ခဲ့သည့်(၂)လခန့်က နေအိမ်မီးရှိုခံရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ LADA စခန်းသို့ ထွက်ပြေးသွားကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့် ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက် သည်ကို မကြားသိကြောင်း၊ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားခဲ့သည်။

အလားတူ ရေခပ်ချောင်းဂွဆုံကျေးရွာ ဆယ်အိမ်မှူး မာမောက်ရော်ရှီ (ဘ) အော်လီအာမောက် က မိမိမှာ ရေခပ်ချောင်းဂွဆုံကျေးရွာ နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် (၁၄) ရက်က ဆယ်အိမ်မှူး တာဝန် ထမ်းဆောင်ကြောင်း၊ Zafor Alam ကို ကောင်းစွာသိရှိကြောင်း၊ အိမ်ထောင်စု (၁၁၂) တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် (၂) လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု သိရကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့် ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။

ရွာခန့်စာရေး ဆော်လီမော်လာ(ဘ)ဇာဖော့ဟူဆိန်းကလည်း မိမိမှာ ရေခပ်ချောင်းဂွဆုံကျေးရွာ ဇာတိဖြစ်ပြီး လွန်ခဲ့သော (၃) နှစ်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ရွာခန့်စာရေးအဖြစ် တာဝန် ထမ်းဆောင်နေကြောင်း၊ Zafor Alam ကို ကောင်းစွာသိရှိပြီး အိမ်ထောင်စု (၁၁၂) တွင် နေထိုင်ကြောင်း၊ လွန်ခဲ့သည့် (၂) လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု သိရ ကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့်ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။

ရပ်မိရပ်ဖ မာမက်တာလောင်(ဘ)ဘော်ဇော်မျှာလည်း မိမိမှာ ရေခပ်ချောင်းဂွဆုံကျေးရွာဇာတိ ဖြစ်ပြီး Zafor Alam ကို ကောင်းစွာသိရှိပြီး အိမ်ထောင်စု (၁၁၂) တွင်နေထိုင်ကြောင်း၊ လွန်ခဲ့သည့် (၂) လ ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု သိရကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့်ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ် မှုကြောင့် ကလေးငယ်များနှင့်အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။




ဦးရှင်းကျားကျေးရွာ နေထိုင်ပြီး ကျပန်းအလုပ်လုပ်ကိုင်သူ မာမက်ရော်ဖီး (ဘ) ကာလာမျာ ကလည်း Zafor Alam ကို ကောင်းစွာသိရှိပြီး ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူဖြစ်ကြောင်း၊ ၄င်းထံမှ ပစ္စည်း ၀ယ်ယူလေ့ရှိသည့်အတွက် ကောင်းစွာသိရှိ ရင်းနှီးပါကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့်ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ် မှုကြောင့် ကလေးငယ်များနှင့်အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။

Zafor Alam ၏ ညီမအရင်းဖြစ်သူ ရေခပ်ချောင်းဂွဆုံကျေးရွာနေ ဆေဒါခါတွန်(ခ) ဆော်ရော် တာခါတူ(ဘ) ဒူဒူမီယာက မှတ်တမ်းဓာတ်ပုံပါ Zafor Alam (ခ) ဇာဖာဟူဆင်အား ကောင်းစွာသိရှိပြီး မိမိ၏အစ်ကိုအရင်းဖြစ်ပါကြောင်း၊ အိမ်ထောင်စု (၁၁၂) တွင် နေထိုင်သူဖြစ်ပြီး ၄င်းတွင် သားနှစ်ဦးရှိကြောင်း၊ ဆိုဖိုက်တ်(၃) နှစ်နှင့် ၁ နှစ် ၆ လ အရွယ် မိုဟာမက်ရှုဟာဘတ် တို့ဖြစ်ကြောင်း၊ Zafor Alam (ခ) ဇာဖာဟူဆင်မှာ နေအိမ်မီးလောင်ခံရပြီး လွန်ခဲ့သည့် (၂) လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားပြီး LADA ဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိကြောင်း၊ ဇနီးနှင့် သားနှစ်ဦးမှာ လွန်ခဲ့သည့် (၂) လခန့်က နေအိမ်မှထွက်ခွာသွားပြီး ယနေ့အထိ ပြန်လည် ရောက်ရှိ လာခြင်းမရှိဘဲ သေဆုံးသွားသည်ဟု သတင်းကြားသိရပါကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့်ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများသေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။


သတင်းမီဒီယာအချို့တွင် ဦးရှင်းကျားကျေးရွာမှ Zafor Alam ဟု ဖော်ပြခဲ့သော်လည်း လက်တွေ့ မြေပြင်တွင် ဦးရှင်းကျားကျေးရွာမှ Zafor Alam ဆိုသူမှာ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုများ မဖြစ်ပွားမီကပင် ဘီဒီပြေးအဖြစ် ကျောက်ဖြူအကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံနေရသူဖြစ်ကြောင်း သိရှိရသည်။ သတင်းဌာနပါ Zafor Alam ၏ ဓါတ်ပုံဖြင့် လိုက်လံ ရှာဖွေရာ ရေခပ်ချောင်းဂွဆုံ ကျေးရွာတွင် နေထိုင်ခဲ့သည့် အထောက်အထားများ တွေ့ရှိရသော်လည်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့နှင့် (၅) ရက်နေ့များတွင် လှေတိမ်းမှောက်သည့် ဖြစ်စဉ် သတင်းများ မတွေ့ရှိရပေ။ သို့သော်လည်း သတင်းမီဒီယာများတွင် ဖော်ပြပါရှိသော ဖြစ်စဉ်သတင်းနှင့် စပ်လျဉ်း၍ ပိုမို တိကျစွာ သိရှိနိုင်ရန် ဆက်လက် စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ပစ်ခတ်မှုကြောင့် ၁၆ လသား သေဆုံးမှု စုံစမ်းနေ  ပစ်ခတ်မှုကြောင့် ၁၆ လသား သေဆုံးမှု စုံစမ်းနေ Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.