မန္တလေးမြို့ တွင် အမျိုးသမီးတစ်ဦးကို ဓါးဖြင့်အပိုင်းပိုင်းခုတ်သတ်ပြီး၊ ကလေးငယ်တစ်ဦးကို မီးရှို့သတ်မှု ဖြစ်ပွား
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရွာမကြီး အကွက်( ၅၈၉ )မေဇင်သိန်းလမ်းကြား အိမ်ရှင် ဦးတင်ထွန်းဝင်း နေအိမ်တွင် ဇန်န၀ါရီလ (၁၉) ရက်နေ့ မွန်းလွဲ ၂နာရီ၄၅မိနစ်ခန့်က အမျိုးသမီးတစ်ဦးကို ဓါးဖြင့်အပိုင်းပိုင်းခုတ်သတ်ပြီး၊ ကလေးငယ်တစ်ဦးကို မီးရှို့သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ နေအိမ် အိပ်ခန်းအတွင်း အိမ်ရှင်ဇနီးဖြစ်သူ အသက် ၃၅နှစ် မနန်းခင်ထွေးဝင်း ၉/မရမ (နိုင်)၀၉၀၀၃၂ အား ဓါးဖြင့် အပိုင်းပိုင်းခုတ်ပြီး အဝတ်အစားထည့် ပလပ်စတစ်ပုံးအတွင်း ခွေခေါက်ထည့်ထားပြီး ၃နှစ်၂လ အရွယ် မနန်းဝင်းရွှေရည်မှုံ ကို ခရီးဆောင်အိတ်အတွင်း ထည့်ကာ မီးရှို့သတ်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး တစ်အိမ်တည်းနေသူ လူသတ်တရားခံ သံသယရှိသူမှာ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ အမဖြစ်သူ၏ သမီးကြီးယောကျာ်းဖြစ်ပြီး အိမ်ပေါ်ခေါ်တင်ထားတဲ့သူဖြစ်ကြောင်း သိရပြီး အဆင့်မြင့်ရဲစခန်းတွင် စစ်ဆေးလျက်ရှိသည်။
အမျိုးသမီးတစ်ဦး ကို ဓါးဖြင့်အပိုင်းပိုင်းခုတ်ပြီး ကလေးငယ်တစ်ဦးမီးရှို့သူ လူသတ်တရားခံ ဝန်ခံသွားပါပြီး ၊ cctv မှတ်တမ်းများအရ သေဆုံးသူ၏ တူမယောက်ကျား အသက် ၂၀ခန့် ဒုတိယနှစ်ကျောင်းသား ဟုဆိုပါသည်။
သတင်း - ShweMann
ဓါတ်ပုံ - Ko A Tar
မန္တလေးမြို့ တွင် အမျိုးသမီးတစ်ဦးကို ဓါးဖြင့်အပိုင်းပိုင်းခုတ်သတ်ပြီး၊ ကလေးငယ်တစ်ဦးကို မီးရှို့သတ်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
10:30
Rating:
