တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းဆိုင်တစ်ခုတွင် အပုပ်နံ့ထွက်လာမှ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း တွေ့ရှိ
တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းပေါ်ရှိ Ever Smile Phone ဖုန်းဆိုင်တွင် အပုပ်နံ့ ထွက်လာသည့် အတွက် အနီးဝန်းကျင်ရှိ ဆိုင်များက သက်ဆိုင်ရာသို့ အကြောင်းကြား စစ်ဆေးရာမှာ အမျိုးသမီးတစ်ဦး အလောင်းအား ဇန်န၀ါရီ ၂၃ ရက် ညပိုင်းက တွေ့ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပ မြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမတ် ဦးမိုးမြင့်က “မနေ့က တွေ့တာက အပုပ်နံ့ ရတယ်ဆိုပြီး ဘေးအိမ်ကနေ အကြောင်းကြား လို့လေ။ အထဲမှာ ခွေလျက်ကြီး အသက် ၃၈ နှစ်အရွယ် အမျိုးတစ်ဦး သေနေတာ တွေ့တယ်။ အခုက ရဲကနေ သေမှုသေခင်းဖွင့်ပြီး စစ်နေတယ်။ စစ်ဆေးပြီးတော့မှ သမားရိုးကျ သေတာလား၊ ဘယ်လိုသေ သလဲ ဆိုတာ နောက်ပိုင်း ရဲစခန်းက ပုဒ်မအပြောင်း အလဲတော့ လုပ်မှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ရဲလုပ်ငန်းစဉ်အရ စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ် လျက်ရှိပြီး အဆိုပါ အမျိုးသမီးအနေဖြင့် မကြာခဏ ဆိုင်ပိတ်ခြင်းများ ရှိကြောင်း ညပိုင်းတွင် ဆိုင်ပိတ်ကာ အိမ်ပြန်လေ့ရှိသည့်အတွက် အိမ်ပြန်သည်ဟု မှတ်ထင်ပြီး အပုပ်နံ့ ထွက်လာသည့်အခါ မသင်္ကာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြားသဖြင့် ယခုကဲ့သို့ သေ ဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။
ဦးမိုးမြင့်က “အခုစစ်နေတုန်း။ ရဲလုပ်ငန်းစဉ်၊ အရင်ဗုဒ္ဓဟူးနေ့ ကတည်းက ပိတ်ထားတယ်လို့ ဘေးနားက မိတ္တူဆွဲတဲ့အိမ်က ပြောတာတော့။ အရင်ကတော့ ပြန်ပြန်သွားတယ်တဲ့။ အရင်က ၈ နာရီခွဲ ၉ နာရီဆို ဆိုင်ပိတ်ပြီး ပြန်သွားတယ်လို့ ဘေးဆိုင်တွေက ပြောတယ်။ သူတို့လည်း အရင်လို ပြန်နေကြလို့ ထင်တယ်ပြောတယ်။ အရင်ကလည်း အကြာကြီးပိတ်ပြီးမှ ပြန်ဖွင့်တာ ရှိတယ်လို့ ပြောကြတယ်။ နံလို့ဆိုပြီး အုပ်ချုပ်ရေးမှူးတို့ ရဲတို့ ခေါ်လိုက်တော့မှ ဒီမှာ သေနေတာ တွေ့တာဖြစ် တယ်။ သုံးလေးရက် လောက်တောင် ရှိနေပြီ။ တံခါးဖွင့်လိုက် တာနဲ့ တော်တော် နံနေပြီ”ဟု ပြောသည်။
ဓာတ်ပုံ-Tay Zar Lin
The Ladies News
https://www.facebook.com/News.TheLadies/
တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းဆိုင်တစ်ခုတွင် အပုပ်နံ့ထွက်လာမှ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း တွေ့ရှိ
Reviewed by THITHTOOLWIN
on
16:47
Rating:
