ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကို ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်။ Photo: Hluttaw Channel/ Facebook |
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နှုတ်ခွန်းဆက်စကားပြောကြားစဉ် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။
လွှတ်တော်မှာ တင်သွင်းတဲ့ မေးခွန်းတွေ အဆိုတွေ ဥပဒေကြမ်းတွေဟာ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ မြှင့်တင်နိုင်ဖို့ နဲ့ လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်ဖို့ကို အမြဲဦးထိပ်ပန်ဆင် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း ၊ ၂၀၁၇ ခုနှစ်ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းတွေကို ကန့်သတ်ကာလအတွင်းမှာ အချိန်မီ ပြီးစီးအောင် ဆွေးနွေးကြဖို့နဲ့ ဆွေးနွေးတဲ့အခါမှာ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးစီးပွားဖြစ်ထွန်းစေမယ့် စီမံကိန်းတွေကို စိစစ်လေ့လာကြဖို့ လိုအပ်ကြောင်းလည်း ဦးဝင်းမြင့် က ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် ဒုတိယအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးတွေကို လေးကြိမ်မြောက်အဖြစ် ဒီနေ့ ပြန်လည်စတင်ကျင်းပတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အထင်အမြင်လွဲမှားစေမယ့် အပြုအမူအပြောအဆိုတွေ ရှောင် ရှားကြဖို့ ဦးဝင်းမြင့် သတိပေး
Reviewed by THITHTOOLWIN
on
17:44
Rating: