ရှေ့နေဦးကိုနီကို လေဆိပ်မှာ သေနတ်နဲ့လုပ်ကြံခဲ့တဲ့ တရားခံကြည်လင်းရဲ့ ဆက်စပ်နောက်ကြောင်းကို စစ်ဆေးနေရာမှာ... ဦးကိုနီကို လုပ်ကြံဖို့အတွက် မြင့်ဆွေဆိုသူက ခိုင်းစေခဲ့တာလို့ ဒီကနေ့ လူမှုရေးစာမျက်နှာတွေကနေ ပေါက်ကြားလာတဲ့ ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေအရ သိရပါတယ်။
စာမျက်နှာ ၅ မျက်နှာပါရှိတဲ့ တရားခံ ထွက်ဆိုချက်မှာ... တရားခံကြည်လင်းနဲ့ ၂ဝ၁၄ ခုနှစ်နောက်ပိုင်း ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာ တွေ့ဆုံခဲ့တဲ့ မြင့်ဆွေဆိုသူက ကားတစီးပေးမယ်လို့ ပြောဆိုပြီး ဦးကိုနီကို သတ်ဖြတ်ဖို့ စေခိုင်းခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တရားခံကြည်လင်းဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်းလျားရွာဇာတိဖြစ်ပြီး ၁၉၈၅ ခုနှစ်က မန္တလေးမှာ နေထိုင်စဉ် ဘုရားခိုးမှုနဲ့ ထောင် ၂ နှစ် ၇ လ ကျခဲ့ဖူးကြောင်း၊ အဲဒီနောက် ၂ဝဝ၃ မှာ ရှေးဟောင်းဘုရားမှောင်ခို လုပ်မှုနဲ့ပဲ ထောင်ဒဏ် အနှစ် ၂ဝ ကျခဲ့ကြောင်း၊ ၂ဝ၁၄ သမ္မတဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့သူဖြစ်ကြောင်း... ထွက်ဆိုချက်မှာ ပါရှိပါတယ်။
ဒီထွက်ချက်မှာ ရှေ့နေဦးကိုနီကို လုပ်ကြံစဉ် ကနဦးစေခိုင်းခဲ့သူ မြင့်ဆွေလည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။ ဒီထွက်ဆိုချက်တွေကို ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပေးပို့ရာကနေ အပြင်ပေါက်ကြားခဲ့တာလို့ သိရပြီး RFA အနေနဲ့ သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
RFA Burmese
https://www.facebook.com/rfaburmese
တရားခံကြည်လင်းရဲ့ထွက်ဆိုချက် ပေါက်ကြား
Reviewed by THITHTOOLWIN
on
20:25
Rating:
