တနင်္သာရီမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် လူဦးရေ (၃၀၀)ခန့် ပြောင်းရွှေ့နေရ

တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာနှင့်တာပလပ်ရွာတို့၌ မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် နေအိမ်အချို့ ပြောင်းရွှေ့နေရ
တနင်္သာရီ - ဇန်နဝါရီလ ၁၁ ရက်

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်း လွန်ခဲ့သော ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ဆက်တိုက် ရွာသွန်းမှုကြောင့် ဇန်နဝါရီ ၁ဝရက်နေ့ ညနေပိုင်းမှစတင်ကာ ရေနစ်မြုပ် ခဲ့သော ချောင်းလမုရွာမှ လူနေအိမ်(၅၇)လုံးမှ အိမ်ထောင်စု(၅၇)စုတို့ရှိ လူဦးရေကျား(၁၆ဝ)ဦး၊ မ(၁၃၈)ဦး ပေါင်း(၂၉၈)ဦး တို့အား ချောင်းလမုကျေးရွာ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်းသို့ သိန်ခွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြတ်ဇော်နှင့် ရာအိမ်မှူးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် အခြားလူမှုရေး အဖွဲ့များပူးပေါင်းလျက် ပြောင်းရွှေ့ နေရာချထားပေး ခဲ့သည်ဟု သတင်းရရှိသည်။


ထို့အတူ သိန်းခွန်းကျေးရွာအုပ်စု- တာပလပ်ကျေးရွာမှ လူနေအိမ်(၇)လုံးတွင်လည်း ရေများဝင်ရောက်နေ သော်လည်း ၄င်းနေအိမ်(၇)လုံးမှ လူဦးရေ ကျား(၁၆)ဦးနှင့် မ(၁၂)ဦး ပေါင်း(၂၈)ဦးတို့သည် ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း သိရသည်။


အဆိုပါ မြစ်ရေကြီးမှု အခြေအနေများအား ဇန်နဝါရီလ ၁၁ ရက် နံနက် ၇ နာရီအချိန်က တနင်္သာရီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးလွှမ်းမိုးအောင်၊ မြို့မရဲစခန်းမှူး ဒုရဲအုပ်တင်အောင် နှင့်မြို့နယ်ဌာန ဆိုင်ရာဦးစီးများ လိုက်ပါပြီး မြစ်ရေကြီးနေမှုများနှင့် ယာယီ ကယ်ဆယ်ရေး စခန်းသို့ အခြေအနေ အမှန်များအား ကွင်းဆင်း၍ ကူညီမှုများ ဆောင်ရွက် ပေးခဲ့ကြကြောင်းနှင့် လူနှင့်အိမ်မွေး တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု/ သေဆုံးမှု မရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တနင်္သာရီမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် လူဦးရေ (၃၀၀)ခန့် ပြောင်းရွှေ့နေရ  တနင်္သာရီမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် လူဦးရေ (၃၀၀)ခန့် ပြောင်းရွှေ့နေရ Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.