၁ဝ ဘီးယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြောရှိ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ (၃)ဦးသေဆုံး


မိုးကောင်း ဇန်နဝါရီ ၂၁

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကံလှကျေးရွာနှင့် စီးဒီးယံကျေးရွာကြား၌ ဇန်န၀ါရီလ (၂၀)ရက်နေ့  ညနေ ၄ နာရီခွဲက ၁ဝ ဘီးယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးသူသုံးဦး သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၁ဝ၁)ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှူးရုံး မိုးကောင်းမြို့မှ ရဲအုပ်ဇေမျိုးဝင်းသည် ယာဉ်ထိန်းရုံးတွင် တာဝန် ထမ်းဆောင်နေစဉ် မိုးကောင်းမြို့နယ် ကံလှကျေးရွာနှင့် စီးဒီးယံကျေးရွာကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ တနိုင်းမြို့မှ နမ္မတီးမြို့သို့ ဦးလဖွီ လီဒိုရပ်ကွက် ကံလှကျေး ရွာမိုးကောင်းမြို့နယ်နေသူ မောင်းနှင်လာသော KCN 4I/---- အနီရောင် ၁ဝ ဘီးယာဉ်သည် မိုးကောင်းမြို့နယ် ကံလှကျေးရွာနှင့် စီးဒီးယံ ကျေးရွာကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ နမ္မတီးမြို့မှ တနိုင်းမြို့သို့ လီဒိုလမ်းမကြီးအတိုင်း မောင်ဖိုသာ ဂမ် မောင်းနှင်ပြီး နောက် တွင် ဒေါ်လဖိုင်ခွန် ဆိုင်းနှင့် ဦးဒီယောဂွန်းတို့ လိုက်ပါလာသော နံပါတ်မပါ KENBO-125 အနက်ရောင်ဆိုင်ကယ်ကို ဝင်ရောက်တိုက် မိခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မောင်ဖိုသာဂမ် ၂ဝ နှစ် ဂျာကြိုင်ရပ်ကွက် လမ်းခွကျေးရွာ မိုးကောင်းမြို့နယ်နေသူတွင် ဦးခေါင်း ပြား၊ဦးနှောက်ထွက်ဒဏ်ရာ၊ ဒေါ်လဖိုင်ခွန်ဆိုင်း ၅ဝ နှစ် (နေရပ်တူ)တွင် ဦးခေါင်းပြား၊ ဦးနှောက်ထွက် ဒဏ်ရာနှင့် ဦးဒီ ယောဂွန်း ၆ဝနှစ် (နေရပ်တူ)တွင် ဦးခေါင်းပြား၊ ဝဲပေါင်ကြေမွဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာများဖြင့် သုံးဦးလုံး သေဆုံးပြီး ယာဉ်မောင်း ဦးလဖွီသည် ယာဉ်ကိုထားကာ ထွက်ပြေးသွားကြောင်း စစ်ဆေးတွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးလဖွီ ၃၃ နှစ်(တိမ်းရှောင်)ကို နမ္မတီးနယ်မြေ ရဲစခန်းက ယာဉ်(ပ)၁/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၄-က အရအမှုရေးဖွင့်၍ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ဖိုးကျော်(အညာသား)
မြ၀တီ
https://www.facebook.com/mwdmedia/
၁ဝ ဘီးယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြောရှိ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ (၃)ဦးသေဆုံး  ၁ဝ ဘီးယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြောရှိ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ (၃)ဦးသေဆုံး Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.