မြန်မာနယ်စပ်မသွားဖို့ ထိုင်းအစိုးရ သတိပေး

မြန်မာနယ်ခြားစောင့်တပ် BGF က ကရင်ပြည်နယ် ဘုရားသုံးဆူအနီးမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က ဖမ်းခဲ့ပြီး လွတ်မြောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို တွေ့ရစဉ်။ Photo: nationmultimedia.com
မြန်မာနယ်ခြားစောင့်တပ် BGF က ကမ္ဘာလှည့်ခရီးသည် ၃၇ ဦးကို ဖမ်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ နယ်စပ်အနီးကို မသွားကြဖို့ ထိုင်းအာဏာပိုင်တွေက ကမ္ဘာလှည့်ခရီးသည်တွေကို သတိပေးလိုက်ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကို နယ်ခြားစောင့်တပ်က ကရင်ပြည်နယ် ဘုရားသုံးဆူအနီးမှာ စနေနေ့က ဖမ်းခဲ့တာဖြစ် ပြီး ဒါဟာသူတို့ထိန်းချုပ်ထားတဲ့ အသက်မပြည့်သေးတဲ့ ပြည်တန်ဆာတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းခဲ့ တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ကမ္ဘာလှည့်ခရီးသည်တွေ ကို ပြန်လွှတ်ပေးခဲ့ပေမယ့်  နောက်ထပ်အဖမ်းအဆီး ရှိနိုင်တာတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကို နယ်စပ်ဘက်ကို မသွားကြဖို့ ထိုင်းအာဏာပိုင်တွေက တိုက်တွန်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းရဲ၊ လူကုန်ကူးမူတိုက်ဖျက်ရေးတပ်ဖွဲ့က မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်ကနေ ထိုင်း ကိုခေါ်လာတဲ့ အသက်၁၆၊ ၁၇ အရွယ် ပြည့်တန်ဆာ ၆ ဦးနဲ့ ခေါ်လာသူ ၂ ဦးကိုဖမ်းခဲ့ပြီးတဲ့နောက် BGF က လက်တုန့်ပြန်တာဖြစ်တယ်လို့ ဒီကနေ့ထုတ်The Nation သတင်းစာမှာ ရေးထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြန်မာနယ်စပ်မသွားဖို့ ထိုင်းအစိုးရ သတိပေး  မြန်မာနယ်စပ်မသွားဖို့ ထိုင်းအစိုးရ သတိပေး Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.