ဆိုင်ကယ်နှင့် ကားမျက်နှာချင်းဆိုင်တိုက်မိ၍ လူ(၃)ဦးသေဆုံး


နေပြည်တော်၊ ဇန်နဝါရီ ၂၅

ဇန်န၀ါရီလ (၂၄) ရက်နေ့  နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ခွေးလေးကြီး ကျေးရွာအနီး လပွတ္တာ-မြောင်းမြ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၆/၂-၃)ကြားတွင် ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင် တိုက်မိ၍ လူ(၃)ဦးသေဆုံးကြောင်း သတင်းရရှိပါသည်။

အဆိုပါ ယာဉ်တိုက်မှုအား မြောင်းမြမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ လပွတ္တာဘက်မှ မြောင်းမြဘက်သို့ မြောင်းမြမြို့နယ်၊ တောင်ဒီးကျေးရွာနေ မောင်ဟေမန်(၁၉)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဖြိုးကုဋေစိုး(၁၄)နှစ်နှင့် ရဲထက်အောင်(၂၁)တို့ လိုက်ပါလာသည့် ၆ယ/××××× Kenbo-110 အနက်ရောင်ဆိုင်ကယ်နှင့် လပွတ္တာမြို့နယ်၊ (၅)ရပ်ကွက်နေ အောင်ပိုင်ထက်(၂၆)နှစ် မောင်းနှင်ပြီး ဒေါ်ရီရီရွှေ လိုက်ပါလာသည့် 7D/×××× Harrier အဖြူရောင်ယာဉ်တို့ မျက်နှာချင်းတိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မောင်ဟေမန်၊ ဖြိုးကုဋေစိုးနှင့် ရဲထက်အောင် တို့(၃)ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်မောင်း အောင်ပိုင်ထက်နှင့် မောင်ဟေမန်တို့(၂)ဦးအား မြောင်းမြမြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
ဆိုင်ကယ်နှင့် ကားမျက်နှာချင်းဆိုင်တိုက်မိ၍ လူ(၃)ဦးသေဆုံး ဆိုင်ကယ်နှင့် ကားမျက်နှာချင်းဆိုင်တိုက်မိ၍ လူ(၃)ဦးသေဆုံး Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.