စစ်တွေ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ် ၃ လုံး ဆုံးရှုံး


စစ်တွေ၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် ဇန်နဝါရီလ ၂ဝ ရက်နေ့ညက မီးလောင်မှုဖြစ်၍ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးသွားကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစံရွှေထွန်းက နိရဉ္စရာသို့ အတည်ပြုပြောသည်။

"မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်တွေကတော့ သွပ်မိုး/ပျဉ်ခင်း/ဝါးကာ နေအိမ် ၂ လုံးနှင့် ဓနိမိုး/ဝါးခင်း/ဝါးကာနေအိမ် ၁ လုံးတို့ဖြစ်ပါတယ်။ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်း ၁ဝ နဲ့ ၂ သောင်းဖြစ်ပါတယ်"ဟု ဦးစံရွှေထွန်းက ဆိုသည်။

ယခုဖြစ်စဉ်မှာ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် ဇန်နဝါရီလ ၂ဝ ရက်နေ့ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာနေ ဦးသိန်းရွှေမောင်(၄ဝ နှစ်၊ ကမန်/အစ္စလာမ်)၏နေအိမ်တွင် ဖယောင်းတိုင်မီးမှတဆင့်မီးလောင်ရာမှ တခြားအိမ် ၂ လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မီးလောင်မှုအား ဒေသခံများက ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ယင်းနေ့ည ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး ဦးသိန်းရွှေမောင်အား မီးပေါ့ဆမှုဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားပြီဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
စစ်တွေ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ် ၃ လုံး ဆုံးရှုံး   စစ်တွေ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ် ၃ လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.