လမ်းမလယ်ရပ်ထားခဲ့သည့် ထော်လာဂျီအား ဆိုယ်ကယ်တိုက်မိ ကလေးငယ် တစ်ဦးသေဆုံး

လမ်းမလယ်ရပ်ထားခဲ့သည့် စည်းကမ်းပျက်ယာဉ်မောင်းနှင့်ယာဉ် တစ်စီးရပ်ထားသည်ကို မမြင်နိုင်လောက်အောင် မောင်းနှင့်ခဲ့သည့် ရလဒ်က အပြစ်မဲ့ ကလေးငယ်အား သေဆုံးစေခဲ့
ဘားအံ ဇန် ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-ဇာသပြင် အဖြောင့်လမ်းမှာ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက လမ်းမပေါ်၌ အချက်ပြမီးလဲမဖွင့်၊ လမ်းဘေးလည်းမချဘဲ လမ်းလယ်တွင် ထော်လာဂျီအား ရပ်ထားခဲ့ရာမှ အရှိန်ဖြင့် မောင်းနှင်လာသည့်ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိ၍ ကလေးငယ်(၁)ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၀)ရက်နေ့ ညနေ(၇)နာရီ၊ မိနစ်(၃၀)အချိန်ခန့်တွင် ဘားအံ-ဇာသပြင်အဖြောင်းလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ထုံးအိုင်နယ်မြေရဲစခန်းမှူး ရဲအုပ်ညီညီမိုး ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဘားအံ-ဇာသပြင်အဖြောင့်လမ်းအတိုင်း ဘားအံဘက်မှ ဇာသပြင်ဘက်သို့ ကဲစပါး(ကျား)၂၂နှစ်၊ (ဘ)ဦးကရနား၊ တောကြီးရွာနိုင်ကျေးရွာ၊ ဘားအံမြို့နယ်နေသူမောင်းနှင်ပြီးရှေ့မှ တူမဖြစ်သူမမိညောင်၊ (၂)နှစ်ခွဲအရွယ်(လိပ်စာတူ)လိုက်ပါလာသော ၃၉/ယ xxxxx(နံပါတ်တပ်)Honda Dream-125၊နက်ပြာရောင်ဆိုင်ကယ်သည် ဘားအံမြို့နယ်၊ ကော့တရုတ်ရကျေးရွာအနီး မိုင်တိုင်အမှတ်(၂/၃)နှင့်(၃/၃)ကြားအရောက် ယာဉ်ကြောတစ်ကြောတည်းရှေ့မှ အချက်ပြမီးမဖွင့်၊ လမ်းဘေးမချဘဲ လမ်းပေါ်ရပ်ထားခဲ့သော (၃ဌ/xxx )နံပါတ်တပ်၊ အပြာရောင်ထော်လာဂျီယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။


ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ကဲစပါးတွင်လည်ပင်း၊ မေးစေ့ ၊ဝဲနဖူး၊ ဝဲပေါင်တို့၌ပေါက်ပြဲဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ရှေ့မှလိုက်ပါသည့် မမိညောင်(၂)နှစ်ခွဲမှာ ဦးခေါင်းခွံလန်၊ဦးနှောက် ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ဘားအံဆေးရုံကြီးတွင် ရဲဆေးစာဖြင့် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့နောက် စခန်းမှူးရဲအုပ်ညီညီမိုးမှ အချက်ပြမီးမဖွင့်၊လမ်းဘေးမချဘဲ လမ်းပေါ်ရပ်ထားခဲ့သောထော်လာဂျီမောင်း(စုံစမ်းဆဲ)နှင့် ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ က စပါး(ကျား) တို့(၂)ဦးအား ထုံးအိုင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ဖြင့်အမှုရေးဖွင့်ပြီး ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ထုံးအိုင်နယ်မြေ ရဲစခန်းမှသိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
လမ်းမလယ်ရပ်ထားခဲ့သည့် ထော်လာဂျီအား ဆိုယ်ကယ်တိုက်မိ ကလေးငယ် တစ်ဦးသေဆုံး  လမ်းမလယ်ရပ်ထားခဲ့သည့် ထော်လာဂျီအား ဆိုယ်ကယ်တိုက်မိ ကလေးငယ် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.