ဂိမ်းဆိုင်ဝန်ထမ်းတွေကို အမှုဖွင့်ဖမ်းဆီးထားမှု မိသားစုဝင်တွေ ရှင်းလင်း

ဖမ်းဆီးခံထားရတဲ့ စီးတီးစင်တာ ဂိမ်းဆိုင် ဝန်ထမ်း ၁၉ ဦးရဲ့ မိသားစုဝင်တွေကို ဇန်နဝါရီလ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ မှာ တွေ့ရစဉ်။ Photo: Kaung Htet Kyaw/RFA
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ City Center Game ဆိုင်က ဝန်ထမ်း ၁၉ ဦး ကို လောင်းကစားဒိုင်အဖြစ် အမှုဖွင့်ဖမ်းဆီးထားတဲ့အကြောင်း ဖမ်းဆီးခံထားရတဲ့ ၀န်ထမ်း ၁၉ ဦးရဲ့ မိသားစု ဝင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနေ့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂိမ်းဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကို အမှုဖွင့်တာမရှိဘဲ ဆိုင်ဝန်ထမ်း ၁၉ ဦးကို လောင်းကစားဒိုင်အဖြစ် သတ်မှတ်ပြီး လောင်းကစားဥပဒေပုဒ်မ ၁၄(က) နဲ့ အမှုဖွင့်ထားတယ်လို့ ဖမ်းဆီးခံထားရသူတွေထဲက မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုကျော်ခိုင်ဝင်း က ပြောပါတယ်။

City Center Game ဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၁၁ရက်နေ့ ညနေ ၅ နာရီမှာ ဝင်ရောက်စစ်ဆေးချိန် ဆိုင်အတွင်းရှိနေတဲ့ ကစားသူ ၄၈ ဦးနဲ့ ဆိုင်ဝန်ထမ်း ၁၉ ဦးကို ဖမ်းဆီးပြီး ကစားသူ ၄၈ ဦးကို အာမခံနဲ့ ပြန်လွှတ်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဂိမ်းဆိုင်မှာ သန့်ရှင်းရေးလုပ်ကိုင်တဲ့ ဝန်ထမ်းတွေလည်း ပါဝင်ဝပီး ၀န်ထမ်း ၁၉ ဦးကို အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။

BBC Burmese
http://www.rfa.org/burmese
ဂိမ်းဆိုင်ဝန်ထမ်းတွေကို အမှုဖွင့်ဖမ်းဆီးထားမှု မိသားစုဝင်တွေ ရှင်းလင်း ဂိမ်းဆိုင်ဝန်ထမ်းတွေကို အမှုဖွင့်ဖမ်းဆီးထားမှု မိသားစုဝင်တွေ ရှင်းလင်း Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.