ပခုက္ကူမြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး


မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူမြို့နယ် ၊ ကျွဲတဲအုပ်စု ၊ ရွှေချောင်းကျေးရွာတွင် ဒီဇင်ဘာ ၃၀ ရက် ၊ ည(၉)နာရီဝန်းကျင်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရှိရသည် ။

 သေဆုံးသူမှာ အသက်(၄၆)နှစ်ရှိသူဖြစ်ပြီး အိမ်ရှေ့မိုးကာတဲအတွင်း အိပ်နေသည်ဟု ထင်သဖြင့် သမီးဖြစ်သူက ဖခင်အား စောင်ခြုံပေးရန်သွားရောက်စဉ် ကြိုးဆွဲချသေဆုံးနေသည် ကိုတွေ့ရှိရသောကြောင့် ပခုက္ကူမြို့မရဲစခန်း သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

"အိမ်ရှေ့က အမြင့်(၆)ပေရှိတဲ့မိုးကာတဲအတွင်းမှာ လုံးပတ် တစ်မတ်လုံးအရွယ်ရှိတဲ့ အနီရောင်နိုင်လွန်ကြိုးနဲ့ ကြိုးကွင်းစွပ်ပြီး ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်တယ်။"ဟု ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အဆိုပါဖြစ်စဉ်အား ပခုက္ကူမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁၈/၁၆)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထား ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ပခုက္ကူမြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး ပခုက္ကူမြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 04:16 Rating: 5
Powered by Blogger.