![]() |
( ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ညနေက လုပ်ကြံခံခဲ့ရတဲ့ ရှေ့နေ ဦးကိုနီ ကို တွေ့ရစဉ် ) |
အခုလို ရှေ့နေ ဦးကိုနီ သေဆုံးသွားရတာဟာ မြန်မာနိုင်ငံတွင်းမှာရော၊ ပြည်ပက လူ့အခွင့်အရေး အဝန်းအဝိုင်းတွင်းမှာပါ ဂယက်ရိုက် တုန်လှုပ်သွားကြောင်း၊ ဒီလို အကြမ်းဖက်မှုမျိုးအတွက် လုံးဝသည်းမခံဘဲ၊ ပြစ်ဒဏ်စီရင်မှာဖြစ်ကြောင်း အစိုးရအနေနဲ့ ရှင်းရှင်းပြတ်ပြတ်ကြေညာသင့်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဂျိုးဇက် ဘဲနဒစ် က ကြေညာချက်ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဦးကိုနီနဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကလည်း မြန်မာနိုင်ငံက ထင်ရှားလေးစားဖွယ်ရာ အစ္စလာမ်ဘာသာဝင် ရှေ့နေ ဦးကိုနီ ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း ပြောဆိုလိုက်ပြီး၊ ဦးကိုနီ လုပ်ကြံခံရတဲ့ ဇစ်မြစ်အဖြစ်မှန်ကို ဖေါ်ထုတ်ဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ AI တောင်းဆို
Reviewed by THITHTOOLWIN
on
11:26
Rating:
