စက်လှေပေါ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၉ သိန်း ကျော်ခန့် ဖမ်းမိ

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရသေ့တောင်မြို့နယ် အငူမော် ပတ်ဝန်းကျင်တစ်ဝိုက် မြန်မာ့ပင်လယ်ပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တပ်မတော်စစ် ရေယာဉ်ဖြင့် နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်ဆောင်ရွက်စဉ် ဒီဇင်ဘာ ၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ် တွင် အရှေ့တောင်မှ အနောက်မြောက်သို့ မောင်းနှင်နေသော မသင်္ကာဖွယ်လှေ တစ်စီးအား တွေ့ရှိခဲ့သည်။

အဆိုပါလှေအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချက်ပြခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိခဲ့ဘဲ မောင်းနှင်ထွက်ပြေးခဲ့သည့်အတွက် ခြိမ်းခြောက် ပစ်ခတ်ဖမ်းဆီးရာ ညနေ ၄ နာရီတွင် ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ စက်လှေပေါ်တွင် မသင်္ကာသူ အမျိုးသား ၅ ဦးနှင့်အတူ ဆာလာအိတ်ဖြင့် ထုတ်ထားသော အထုပ် ၄ ထုပ်၊ ငါး ဂါလံ ပုံး ၂ ပုံးအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၉ သိန်း ကျော်ခန့် သိမ်းဆည်းရမိသည်။

REF: (နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
စက်လှေပေါ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၉ သိန်း ကျော်ခန့် ဖမ်းမိ စက်လှေပေါ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၉ သိန်း ကျော်ခန့် ဖမ်းမိ Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.