![]() |
အမေရိကန်ရွေးကောက်ခံသမ္မတ Trump နဲ့ ထိုင်ဝမ်သမ္မတ Tsai Ing-wen |
ထိုင်ဝမ်သမ္မတကို သောကြာနေ့က တယ်လီဖုန်း ဆက်ခဲ့တဲ့အတွက် Trum ကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြတာပါ။ ဒါပေမယ့်လည်း သမ္မတ ရွေးကောက်ပွဲေ အာင်မြင်တာကို ထိုင်ဝမ်သမ္မတက တယ်လီဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောတာ ဖြစ်တယ်လို့ Trump ကသူ့ရဲ့  တွစ်တာ စာမျက်နှာကနေ တုန့်ပြန်ပါတယ်။
နောက်ပိုင်းမှာ အမေရိကန်ကနေ ထိုင်ဝမ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ စစ်လက်နက် ကိရိယာတွေ ဘယ်လိုရောင်းချပေးနေတယ်ဆိုတာ စိတ်ဝင်စားစရာ ကောင်းပေမယ့် ထိုင်ဝမ်ရဲ့  ဂုဏ်ပြုစကားကို လက်ခံလိုက်ဖို့ မသင့်ဘူးဆိုပြီး ပြောပြန်ပါတယ်။ Trump ရဲ့  ထိုင်ဝမ်သမ္မတတို့ တယ်လီဖုန်း ဆက်စကားပြောဆိုတာဟာ အမေရိကန်တို့ ဆယ်စုနှစ်နဲ့ချီ ကျင့်သုံးလာတဲ့မူဝါဒကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြသလို ဒီလုပ်ရပ်ကြောင့် Trump တာဝန်မစခင်မှာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေး တင်းမာ လာစေနိုင်တဲ့ အနေအထားရှိတယ်လို့ ရှုမြင်ကြတာပါ။အမေရိကန်နဲ့ ထိုင်ဝမ်ကြား ၁၉၇၉ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေး ဖြတ်တောက်ထား တာပါ။ ဒါကြောင့်ခုလိုတယ်လီဖုန်းဆက်ကြတာဟာ အမေရိကန်သမ္မတ ဒါမှမဟုတ် ရွေးကောက်ခံသမ္မတနဲ့ ထိုင်ဝမ်ခေါင်းဆောင် တဦးတို့ ပထမဆုံး ပြန်ပြီး ဆက်သွယ်တဲ့ လုပ်ရပ်ဖြစ်ပုံရပါတယ်။ နိုင်ငံတကာအရေးနဲ့ ပတ်သက်လို့ ထိုင်ဝမ်ရဲ့  ပါဝင် ပတ်သက်မှုကို အမေရိကန်နိုင်ငံက ဆက်ပြီး ထောက်ခံသွားဖို့မျှော် လင့်တဲ့ အကြောင်း ထိုင်ဝမ် သမ္မတ Tsai က တယ်လီဖုန်း ဆက်ချိန်အတွင်းပြောဆို ခဲ့တယ်လို့ ထိုင်ဝမ်သမ္မတရုံးက သောကြာနေ့ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Trump နဲ့ ထိုင်ဝမ် ဖုန်းဆက်သွယ်မှု တရုတ်က ဆက်ဆံရေး မထိခိုက်စေလို
Reviewed by THITHTOOLWIN
on
20:54
Rating:
