ရန်ကုန် ဒီဇင်ဘာ ၁၄
ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ သွားလာမှု အဆင်ပြေ ချောမွေ့စေရန် အတွက် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိTerminal များ ပြောင်းရွှေ့ ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း လိုင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
''ကျွန်တော်တို့ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ခရီးသွားပြည် သူတွေ သွားလာမှု လွယ်ကူချောမွေ့စေဖို့ အတွက် ပြည်တွင်းပြည် ပTerminal တွေကို ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ Terminal တွေမှာ သွားလာမှုအဆင်ပြေစေဖို့အတွက် ကားတွေလည်း စီစဉ်ထားပါ တယ်''ဟု မြန်မာ အမျိုးသားလေကြောင်းလိုင်း မှ ပြည်ပလေဆိပ်တာဝန်ခံ ဦးခင်မောင်လွင်က ပြောသည်။
ပြည်ပသို့ထွက်ခွာမည့်ခရီးသွားပြည်သူများအနေဖြင့် ပြည်ပခရီးစဉ်များအတွက် ဒီဇင်ဘာ ၁၄ ရက်မှ စတင်ကာTerminal 1 မှTerminal 2 သို့ ပြောင်းရွှေ့ ဖွင့် လှစ် လိုက်ပြီဖြစ်သည်။
ထို့အတူ ပြည်တွင်းခရီးစဉ်များကို လည်း မြန်မာအမျိုးသားလေကြောင်း လိုင်း အနေဖြင့် ရန်ကုန်ပြည်ပြည် ဆိုင်ရာလေဆိပ်Domestic မှTerminal-3သို့
ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ပြည်တွင်းပြည်ပ ခရီးစဉ်များ ပျံသန်းပြေး ဆွဲပေးနေသော လေကြောင်း လိုင်း တစ်ခု ဖြစ်ကြောင်း၊ ပြည်ပ ခရီးစဉ်အဖြစ် ဗန်ကောက်၊ ချင်းမိုင်၊ စင်ကာပူ၊ ဟောင်ကောင် အစရှိသောမြို့များသို့ ပျံသန်းပြေးဆွဲလျက် ရှိ ကြောင်း၊ ပြည်တွင်း ခရီးစဉ် အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြို့ပေါင်း ၂၈ မြို့ သို့ ပျံသန်းပြေးဆွဲပေး လျက်ရှိကြောင်း သိရ သည်။
အဆိုပါလေဆိပ်Terminalများပြောင်းရွှေ့ဖွင့်လှစ်မှု သည် မကြာမီရက်ပိုင်း အတွင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြည်တွင်း ခရီးသည် အဆောက်အအုံ သစ်ဖွင့်လှစ်ခဲ့ပြီး နောက် Terminalများ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် က္ဘာပေါ်ရှိ လေကြောင်းအချို့ တိုးချဲ့ပျံသန်းပြေးဆွဲလာမှုကြောင့် လေဆိပ် အဆောက်အအုံကိုလည်း တိုးချဲ့တည်ဆောက်လျက်ရှိပြီး ရန်ကုန်အပြည် ပြည်ဆိုင်ရာလေ ဆိပ်သို့ လေယာဉ်ဆင်းသက်မှု မှာလည်း နေ့စဉ်စင်းရေအားဖြင့် ၁၂ဝ ခန့်ရှိကြောင်း သိရသည်။
သတင်း - မြင့်မောင်စိုး၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal များ ပြောင်းရွှေ့ ဖွင့်လှစ်
Reviewed by THITHTOOLWIN
on
09:31
Rating:
