ကျပ်သန်း ၇၀၀ နီးပါး အရှုံးပေါ်နေသည့် SRT ယာဉ်လိုင်း ရပ်နားမည်


ရန်ကုန်မြို့ပေါ်တွင် ပြေးဆွဲနေသည့် SRT – (1) ယာဉ်လိုင်းသည် အရှုံးပေါ်နေသည့်အတွက် ဒီဇင်ဘာ ၇ ရက်နေ့တွင် အပြီးတိုင် ရပ်နားတော့မည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းမှ ပို့ဆောင်ရေး မန်နေဂျာ ဦးမြင့်ဝေက News Watch သို့ ပြောသည်။

“ပြေးဆွဲခဲ့တဲ့ကာလ ၁၈ လပေါ့။ အဲဒီအထိ သယ်ယူပို့ဆောင်ရေးကနေပြီး (ကျပ်) ၆၉၄ သန်းပေါ့။ ဒီလပါ အပါအ၀င်ဆို ၇၀၀ လောက်ဖြစ်မှာပေါ့။ (ကျပ်) သိန်း ၆၀၀၀ ကျော် ၇၀၀၀ တဲ့ နီးပါးရှုံးတယ်” ဟု ၄င်းက ပြောသည်။

အဆိုပါ ယာဉ်လိုင်းအတွက် အစိုးရဘက်မှ ကူညီပံ့ပိုးရန် နှုတ်ဖြင့် ပြောဆိုထားခဲ့မှုများရှိသော်လည်း မည်သည့်ကူညီပံ့ပိုးမှုမှ မရှိခဲ့ကြောင်း၊ ၀င်ငွေနှင့် ထွက်ငွေကွာဟမှု ကြီးမားကြောင်းနှင့် ဆက်လက်အရှုံးမခံနိုင်တော့၍ ရပ်နားရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

SRT-1 ယာဉ်လိုင်းက ၂၀၁၅ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ ဗိုလ်တထောင် ကပရ-၈ ၀င်း/ လမ်းနီးလေး၊ မ/ဥက္ကလာအ၀ိုင်းနှင့် အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၆ ဒီဇင်ဘာ ၇ ရက်နေ့ ၁၈ လအကြာတွင် ရပ်နားရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ SRT-1 ယာဉ်စီးရေး စုစုပေါင်း ၂၅ စီးရှိကြောင်း သိရသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
ကျပ်သန်း ၇၀၀ နီးပါး အရှုံးပေါ်နေသည့် SRT ယာဉ်လိုင်း ရပ်နားမည်  ကျပ်သန်း ၇၀၀ နီးပါး အရှုံးပေါ်နေသည့် SRT ယာဉ်လိုင်း ရပ်နားမည် Reviewed by THITHTOOLWIN on 16:40 Rating: 5
Powered by Blogger.