ဖူးခက် လေယာဉ်ကွင်းအနီး လေယာဉ်နှင့်နီးကပ်စွာ selfie ရိုက်သူများအား သေဒဏ်အထိ ပြင်းထန်စွာ အပြစ်ပေးနိုင်


ဘန်ကောက်၊ ဒီဇင်ဘာ ၁၈ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက် အပြည်ပြည်ဆိုင်ရာလေဆိပ် အနီး လေဆိပ်ပြေးလမ်း ကမ်းခြေတစ်လျှောက် တွင် မြေပြင်ဆင်းသက် လေယာဉ်များ နှင့် အနီးကပ် selfie ရိုက်သူများသည် သေဒဏ်ချမှတ်ခြင်းအပါအဝင် ကြီးလေးသည့် ပြစ်ဒဏ်များ နှင့် ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ထိုင်းပြည်တွင်းသတင်းဋ္ဌာနတစ်ခုက ဒီဇင်ဘာ ၁၆ရက်တွင်ဖော်ပြခဲ့သည်။

Thairath သတင်းစာ၏ဖော်ပြချက်အရ လူများသည် ဘေးကင်းလုံခြုံမှုအတွက် တားမြစ်နယ်မြေ မှအဝေးနေထိုင်ရန် လိုအပ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေအား ချိုးဖောက်ခဲ့ပါက ၁၉၇၈ခုနှစ် လေကြောင်းပျံသန်းရေးဥပဒေအရ ထောင်ဒဏ် ၅နှစ်မှ ၂၀နှစ် (သို့) တစ်သက်တစ်ကျွန်း (သို့) သေဒဏ်အထိပင်ချမှတ်နိုင်ကြောင်း သိရသည်။

ယင်းသတိပေးစနစ်အား ထိုင်း၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာဖြင့် ဖော်ပြပေးထားသည့်အပြင် တာဝန်ရှိသူများ နှင့် လုံခြုံရေး လုပ်အားပေးဝန်ထမ်းများကလည်း တားမြစ်ဧရိယာ မှ လူများအား အကြံပေးခြင်း နှင့် သတိပေးခြင်းတို့ကိုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

China Xinhua News
ဖူးခက် လေယာဉ်ကွင်းအနီး လေယာဉ်နှင့်နီးကပ်စွာ selfie ရိုက်သူများအား သေဒဏ်အထိ ပြင်းထန်စွာ အပြစ်ပေးနိုင် ဖူးခက် လေယာဉ်ကွင်းအနီး လေယာဉ်နှင့်နီးကပ်စွာ selfie ရိုက်သူများအား သေဒဏ်အထိ ပြင်းထန်စွာ အပြစ်ပေးနိုင် Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.