နေပြည်တော်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ လောက်ကိုင်မြို့အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယနေ့နံနက် ၁၀ နာရီခန့်တွင် ရပ်ကွက်(၃)၊ ဘုံခုနှစ်ဆင့်အ၀ိုင်းအနီး၌ မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်ရင်း(၂၉)မှ တပ်စိတ်မှူးအဆင့်ရှိ ၀ူးကျင်းချန်(ဘ) ဦးရန်တဲချန်၊ ညိုဖျင်စပါးကျေးရွာ၊ လုံထန်ကျေးရွာအုပ်စု၊ လောက်ကိုင် မြို့နယ်နေသူဖြစ်ကြောင်း သိရှိရသည်။
ဝူးကျင်းချန်၏ ထွက်ဆိုချက်များအရ ၎င်းသည် လောက်ကိုင်ဒေသတိုက်ပွဲမဖြစ်မီ MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ၂၀၁၅ ခုနှစ်၊ တိုက်ပွဲများဖြစ်ပွားစဉ် တစ်ဖက်နိုင်ငံသို့ တိုက်ပွဲရှောင်ရန်သွားရောက်နေထိုင်ရာမှ ဇူလိုင်လခန့်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လူဟောင်းများ လိုက်လံဖမ်းဆီးရာတွင် ဖမ်းဆီးခံခဲ့ရပြီး နမ့်ကြားနှင့် တာရှင်မင်ခန် တို့တွင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း၊ ကုန်းကြမ်းမြို့နယ်၊ ရှင်ပင်ကိုင်းကျေးရွာ၊ နမ့်ခုံဟော်ကျေးရွာ၊ တာကျူကျိုင်းကျေးရွာနှင့် ကြာတီမောကျေးရွာများတွင် လူသစ်စုဆောင်းသည့် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနေအိမ်သို့ပြန်ချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိ အကြမ်းဖက်သောင်းကျန်းသူအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းစဉ်
https://www.facebook.com/mmdefencenews
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
20:42
Rating:
