တွံတေးမြို့နယ်၌ KNU/KNLA တပ်မဟာ(၇)မှ အရာခံဗိုလ်အဆင့်ရှိသူနှင့် တရားမ၀င် သေနတ်ကိုင်ဆောင်သူများကို ဖမ်းဆီးအရေးယူ

တွံတေးမြို့နယ်၌ တရားမ၀င် လေပစ္စတိုသေနတ်ကိုင်ဆောင်သူများကို ဖမ်းဆီးရမိအရေးယူ
ရန်ကုန်၊ ဒီဇင်ဘာ ၁

၁.၁၂.၂၀၁၆ ရက်နေ့ ၀၃၄၅ အချိန်တွင် တွံတေးမြို့နယ်၊ အိုးဘိုအရှေ့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ 5L---- ISUZU D Max အမျိုးအစား ခဲရောင်ယာဉ်တစ်စီးရပ်တန့်လာပြီး ယာဉ်မောင်းမှအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား လက်ယပ်ခေါ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မျိုးအောင်နှင့် ရာအိမ်မှူးအဖွဲ့တို့မှ သွားရောက်ခဲ့ရာ ပစ္စတိုသေနတ်ဟု ထင်ရသော လက်နက်အားထုတ်ပြပြီးမောင်းနှင်သွားကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ တွံတေးမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ၎င်းယာဉ်နောက်သို့လိုက်လံရှာဖွေခဲ့ရာ ၀၄၀၀ အချိန်တွင် တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဦးကြီးစိန်ကွေ့အနီးတွင်တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်းဖြစ်သူ ကရင်ပြည်နယ်၊မြ၀တီမြို့၊ KNU/KNLA တပ်မဟာ(၇)မှ အရာခံဗိုလ်အဆင့်ရှိသူ ကျော်မင်းထွန်း၊ (၃၇)နှစ်၊ တွံတေးမြို့နယ်နေသူများဖြစ်သည့် ကြည်သိန်း၊  (၄၂)နှစ်နှင့် ဂျာကြီး(ခ)စောကစ်ဆင်ဂျာ၊ (၃၈)နှစ်တို့(၃)ဦးအားတွေ့ရှိရပြီး ယာဉ်းမောင်း ကျော်မင်းထွန်း၏ခါးတွင် ထိုးထားသော PIETRO BERETTA GARDONEV.T, Made in ITALY စာတမ်းပါ အနက်ရောင် လေပစ္စတိုသေနတ် ၁ လက်၊ အနက်ရောင်ကျည်အိမ် ၁ ခု၊ ယာဉ်နောက်ခန်းအတွင်းမှ အရိုး ၅ လက်မ၊ အသွား ၁၀ လက်မခန့်ရှိ သစ်သားလက်ကိုင်ရိုးတပ် တစ်ဖက်သွား ဓားဦးချွန်ဓားကောက် ၁ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်မင်းထွန်းပါ(၃)ဦးအား တွံတေးမြို့မရဲစခန်း(ပ)၇၃၉/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)/၁၉(စ) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
တွံတေးမြို့နယ်၌ KNU/KNLA တပ်မဟာ(၇)မှ အရာခံဗိုလ်အဆင့်ရှိသူနှင့် တရားမ၀င် သေနတ်ကိုင်ဆောင်သူများကို ဖမ်းဆီးအရေးယူ တွံတေးမြို့နယ်၌ KNU/KNLA တပ်မဟာ(၇)မှ အရာခံဗိုလ်အဆင့်ရှိသူနှင့် တရားမ၀င် သေနတ်ကိုင်ဆောင်သူများကို ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.