တောင်ကလေးဆရာတော်ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခြိမ်းခြောက်ခဲ့သူကို (KNU) က အရေးယူမည်

ပုံစာ - ပြည်ထဲရေးနှင့် သာသနာရေးဌာနမှူး ပဒိုစောအားတိုး။
ဒီဇင်ဘာ - ၄ - ၂၀၁၆

မော်တော်ယာဉ်မတော်တဆမှုကြောင့် ဘားအံတောင်ကလေးဆရာတော် ဒေါက်တာအရှင်ပညာသာမိကို သေနတ်ဖြင့်အချက်ပေါင်းများစွာ ခြိမ်းခြောက်ပစ်ခတ်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၁ မှ တပ်ဖွဲ့ဝင်များကို အရေးယူနိုင်ရန်အတွက် တပ်မဟာ ၁ တပ်မဟာမှူး စစ်ဆင်ရေးမှူး ခရိုင်ဥက္ကဌများထံသို့ ညွန်ကြားချက်ကြေးနန်းပေးပို့ထားပြီးဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးကပြောသည်။

တပ်မဟာ ၁ သို့ပေးပို့သည့် အဆိုပါကြေးနန်းစာကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌအပါအ၀င် ဗဟိုအဆင့်မြင့်ခေါင်းဆောင်များသို့လညိး ပေးပို့ထားပြီးဖြစ်သည်။

တောင်ကလေးဆရာတော်သည် ခရီးစဉ်တခုအတွက် စီးနှင်းလိုက်ပါလာသည့်မော်တော်ယာဉ်နှင့် (KNLA) တပ်မဟာ ၁ မှ တပ်ဖွဲ့ပိုင်ကားတစီး သထုံမြို့ နယ်ကြာပန်းအရပ်တွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ညနေ ၅ နာရီခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လက်နက်ကိုင်ဆောင်ထားသည့်တပ်ဖွဲ့ဝင်များက မကျေမနပ်ဖြစ်ကာ ဆရာတော်ကို သေနတ်ဖြင့်အချက်ပောင်းများစွာ ခြိမ်းခြောက်ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက်ဆရာတော်၏မော်တော်ယာဉ် ထွက်ခွာသွားပြီးအလှမ်းမကမ်းအရောက်တွင် အခြားသောတပ်ဖွဲ့ဝင်အချို့ကလည်း သေနတ်များဖြင့်ခြောက်လန့်ပစ်ခတ်မှု ထပ်မံပြုလုပ်ခဲ့သည်ဟု ဆရာတော်နှင့်လိုက်ပါလာသူကပြောဆိုခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူမှုများပြုလုပ်ပေးစေလိုသည်ဟု ဘာအံဒေသခံအချို့ က သဘောထားပေးပြောဆိုကြသည်။

ဘာအံအခြေစိုက်ကရင့်နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင်တဦးက အမျိုးသားရေးအတွက်ဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့အနေနှင့်အဆိုကပါလုပ်ရပ်မျိုးလုံးဝမဖြစ်သင့်ကြောင်း ကရင်အမျိုးသားမီဒီယာကို ပြောဆိုခဲ့သည်။

ဘားအံအခြေစိုက် ကရင်အမျိုးသားရေးလုပ်ဆောင်နေသူတဦးကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံးကြီင်္းက ထိထိရောက်ရောက် ကိုင်တွယ်မည်ဟုယုံကြည်သည့်အကြောင်း သူ၏ထင်မြင်ယူဆချက်ကို ပြောဆိုသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ
တောင်ကလေးဆရာတော်ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခြိမ်းခြောက်ခဲ့သူကို (KNU) က အရေးယူမည်  တောင်ကလေးဆရာတော်ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခြိမ်းခြောက်ခဲ့သူကို (KNU) က အရေးယူမည် Reviewed by THITHTOOLWIN on 11:41 Rating: 5
Powered by Blogger.