KIA/TNLA/MNDAA/AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ ဆက်ကြေးများတောင်းခံ


ဒီဇင်ဘာ ၁၀၊ ၂၀၁၆

KIA/TNLA/MNDAA/AAလက်နက်ကိုင် ပူးပေါင်းအဖွဲ့များသည် ဒီဇင်ဘာ ၉ ရက် ည ၁၁ နာရီခန့်တွင် နမ္မတူမြို့နယ် ၊ နားမတ်(မြောက်)ရွာကျေးရွာ၏ အရှေ့တောင်ဘက် လေးမိုင်ခန့် အကွာ နမ္မတူ-လားရှိုး လမ်းမပေါ်ရှိ နားဆိုင်းအုပ်စု၊ နားဆိုင်ရွာသို့ ပြောင်းရွှေ့ရောက်လာကြောင်းသိရသည်။

လက်နက်ကိုင် ပူးပေါင်းအဖွဲ့များသည် နမ္မတူ-လားရှိုးသို့သွားသည့် ယာဉ်ကြီး/ယာဉ်ငယ် များ အား တားဆီးရပ်တန့်ခိုင်းစေပြီး တစ်စီးလျှင် ကျပ်(၅)သိန်း ဆက်ကြေးတောင်းခံခဲ့ကာ ဒီဇင်ဘာ ၁၀ ရက် နံနက် ၆ နာရီတွင် နမ္မတူမြို့၏ အရှေ့တောင်ဘက်ရှိ ပန်ချင်ရွာဘက်သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

နံနက် ၇နာရီခွဲတွင် နမ္မတူ-လားရှိုးသို့ သွားသည့် ယာဉ်ကြီး/ယာဉ်ငယ်များသည် ပုံမှန်အတိုင်း ပြန်လည်သွားလာလျက်ရှိကြောင်းသိရှိရသည်။

State Counsellor Office Information Committee
https://www.facebook.com/MyanmarSCOInfoCom
KIA/TNLA/MNDAA/AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ ဆက်ကြေးများတောင်းခံ  KIA/TNLA/MNDAA/AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ ဆက်ကြေးများတောင်းခံ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.