![]() |
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ KIA အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်းကုန်းအား တပ်မတော်စစ်ကြောင်းများက ဆက်လက်သိမ်းပိုက်ရရှိ |
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် KIA အကြမ်းဖက်သောင်းကျန်းသူများ၏ အမာခံစခန်းဖြစ်သည့် ဂီဒုန်စခန်းနှင့် ပတ်ဝန်းကျင်စခန်းကုန်းများအား သိမ်းပိုက်ခဲ့ပြီး နယ်မြေဆက်လက် ရှင်းလင်းခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ဂီဒုန်စခန်း၏ မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာရှိ KIA အကြမ်းဖက် သောင်းကျန်းသူအင်အား ၇၀ ခန့် အခြေပြုထားသည့် စခန်း ခန့်မှန်းမြေပုံညွှန်း (LH-၆၉၃၈၂၈) နေရာအား တပ်မတော်စစ်ကြောင်းတစ်ခုမှ ချဉ်းကပ်ချေမှုန်းခဲ့ရာ ညနေ ၃ နာရီခွဲခန့်၌ ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ/စစ်သည်တချို့ နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး ရန်သူ့ထံမှ ၆၀ မမစိန်ပြောင်း ၁ လက်အပါအ၀င် လက်နက် ၂ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် မိုင်းမျိုးစုံ ၂၆ လုံးအား သိမ်းဆည်းရရှိခဲ့သည်။
KIA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအုပ်ချုပ်မှုအာဏာ တည်ရှိသည့် မြို့၊ ရွာများအတွင်း လူသစ်စု၊ ဆက်ကြေးကောက်ခံခြင်းနှင့် မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ဥပဒေမဲ့ လုပ်ရပ်များအပြင် ကျောက်စိမ်းနှင့် ရွှေလုပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလစ်အငိုက် တိုက်ခိုက်ခြင်း၊ အကြောင်းမဲ့မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ငွေညှစ်ခြင်းတို့အား လက်လွတ်စပယ် ဆောင်ရွက်ခြင်းအပြင် မြို့/ရွာများအနီး ဂီဒုန်စခန်းကဲ့သို့ အရေးပါသောနေရာများ၊ မြေအနေအထား အသာစီးစိုးမိုးမှု ရနိုင်သောနေရာများသို့ ၄င်းတို့စခန်းဌာနချုပ်များမှတစ်ဆင့် နယ်မြေချဲ့ထွင်၍ လျှို့ဝှက်စခန်း တည်ဆောက်ခြင်းများကြောင့် တပ်မတော်စစ်ကြောင်းများနှင့် မကြာခဏ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှလည်း ယခုကဲ့သို့ နယ်မြေတိုးချဲ့လျှို့ဝှက်တည်ဆောက်သည့် စခန်းများအား ထပ်မံစိစစ်ဖော်ထုတ်၍ နိုင်ငံတော်အစိုးရနှင့် ကချင်ပြည်နယ်အစိုးရတို့၏ အုပ်ချုပ်မှုယန္တရားနယ်မြေအတွင်း လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက်ရှင်းလင်းချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
KIA စခန်းကုန်းအား တပ်မတော်က ဆက်လက်သိမ်းပိုက်
Reviewed by THITHTOOLWIN
on
23:33
Rating:
