![]() |
ဖားကန့် KIA တပ်ရင်း ၆ စစ်သား တဦး |
နှစ်ဖက် ထိခိုက်သေဆုံးမှု သတင်း မသိရသေးပါ။
၎င်း တိုက်ပွဲ မတိုင်မီ ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် KIA တပ်ရင်း (၃) Law Hkum Bum (လောခွမ်ဘွမ်) နှင့် Lai Hpawng Bum (လိုင်ဖောင်ဘွမ်) စခန်းများကို အစိုးရ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် အနည်းဆုံး တကြိမ် တိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းများ ဆိုပါသည်။
ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၆) နယ်မြေ မုံးကိုဒေသ မှာလည်း မြန်မာစစ်တပ်နှင့် မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) ကြား ယနေ့ တိုက်ပွဲပြင်းထန်ပြီး အစိုးရ ဂျက်တိုက် လေယာဉ်များမှ တပ်ပေါင်းစုမှ ထိန်းချုပ်ထားသော မုံးကိုမြို့ကို တနေ့လုံး ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ယနေ့ မုံးကိုမြို့တွင်း တိုက်ပွဲတွင် မြန်မာ အစိုးရ စစ်သားများမှ တရုတ်ဘက်ခြမ်းကို လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ၃ဦး ထိခိုက်မှု ရှိနိုင်ကြောင်း ဒေသခံများ ဆိုပါသည်။
Kachinnews
http://burmese.kachinnews.com