KIA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အမာခံစခန်းဖြစ်တဲ့  ဂီဒွန်တောင်ကုန်းကို တပ်မတော်က သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်နေတာနဲ့ ပတ်သက်ပြီး အတိပြုလို့ မရနိုင်သေးကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ က RFA ကို ဒီကနေ့ ညနေပိုင်း က ပြောပါတယ်။

နောက်ဆုံးရရှိထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး နော်လီ က အခုလိုပြောပါတယ်။

ဒီကနေ့မှာ KIO ဋ္ဌာနချုပ် လိုင်ဇာအနီးက တပ်ရင်း ၂၅၂ စခန်းအခြေစိုက်တဲ့ လိုင်ဖောင်းစခန်းနဲ့ ဂီဒွန်တောင်ကုန်း တဝိုက်အပြင် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄ နယ်မြေတချို့မှာလည်း အစိုးရတပ်မတော် က လေကြောင်းနဲ့ စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်လီ က ပြောပါတယ်။

အဲဒီ တိက်ခိုက်မှုတွေကြောင့် အင်ဂျန်းယန်မြို့နယ် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄ နယ်မြေမှာ ရွာသားတစ်ချို့ ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့စာရင်း အတိအကျကိုတော့ မသိရသေးဘူးလိုU KIA ဘက်ကပြောပါတယ်။

KIA အခြေစိုက်နယ်မြေတချို့မှာ တပ်မတော်က စစ်ဆင်မှုတွေ ပြုလုပ်ခဲ့တာမှန်ကန်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
KIA နဲ့ တပ်မတော် တိုက်ပွဲဖြစ် KIA နဲ့ တပ်မတော် တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.