KIA တိုက်မိုင်း တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိ

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်း တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံကဘာကျေးရွာနေ မောင်စီစီလဒွဲ၊ မောင်စီစီအောင်နန်ဒွန်းနှင့် မောင်စီစီဂျီးနောင် တို့ ၃ ဦးသည် နိုဝင်ဘာ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် ကျေးရွာ၏အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ကျရီချောင်းဖျားသို့ ငါးရှာရန်သွားရောက်စဉ် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော တိုက်မိုင်း ၁ လုံးအား မောင်စီစီဂျီးနောင်မှ တိုက်မိပေါက်ကွဲခဲ့သည်။


မိုင်းပေါက်ကွဲမှုကြောင့် မောင်စီစီဂျီးနောင်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မောင်စီစီလဒွဲနှင့် မောင်စီစီအောင်နန်းဒွန်းတို့မှာ ဘယ်/ညာခြေသလုံးများတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့သည်။


အဆိုပါ မိုင်းထိလူနာများအား နယ်မြေခံတပ်မတော်စစ်ကြောင်းမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းစဉ်
https://www.facebook.com/mmdefencenews
KIA တိုက်မိုင်း တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိ KIA တိုက်မိုင်း တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.