KIA အကြမ်းဖက်သောင်းကျန်းသူများက UAV များဖြင့် လာရောက်သတင်း ထောက်လှမ်း


နေပြည်တော်၊ ဒီဇင်ဘာ - ၁၉

KIA အကြမ်းဖက်သောင်းကျန်းသူများက UAV များကိုအသုံးပြုလျက် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်း မိမိစစ်ကြောင်းအခြေပြုနေရာတစ်ခုသို့ ယနေ့နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခွဲအတွင်း ဝေဟင်မှ လာရောက်သတင်း ထောက်လှမ်းခဲ့ရာ တပ်မတော်စစ်ကြောင်းက လက်နက်ငယ်ဖြင့် ပစ်ချဖျက်ဆီးခဲ့သဖြင့် UAV ၃ စီးမှာ လက်နက်ငယ်ကျည်ထိမှန်ပြီး ကောင်းကင်၌ပင် ပေါက်ကွဲပျက်စီးခဲ့ကာ ကျန်တစ်စီးမှာ လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် ပျက်ကျခဲ့သဖြင့် သိမ်းဆည်းရရှိခဲ့သည်။


အဆိုပါ UAV အား စစ်ဆေးခဲ့ရာ ဖောက်ခွဲတိုက်ခိုက်ရန် TNTယမ်းထုပ်များ တပ်ဆင်ထားပြီး ဘက်ထရီ ၃ လုံး၊ အလိုအလျောက်ပျံသန်းမှုစနစ် ၁ ခု၊ ကင်မရာ ၁ လုံး၊ မော်တာ ၅ ခု၊ GPS ၁ ခု၊ Auto Pilot Sensor ၁ ခုတို့ပါရှိသည်ကို ကနဦးစစ်ဆေး တွေ့ရှိရပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
KIA အကြမ်းဖက်သောင်းကျန်းသူများက UAV များဖြင့် လာရောက်သတင်း ထောက်လှမ်း  KIA အကြမ်းဖက်သောင်းကျန်းသူများက UAV များဖြင့် လာရောက်သတင်း ထောက်လှမ်း Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.